ကင်မ်ဂျုံအန်းက သူ့သမီးကို ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြသ

0
271

ဆိုးလ်၊ နိုဝင်ဘာ ၁၉

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် သမီးဖြစ်သူကို နိုဝင်ဘာလ ၁၈ ရက် သောကြာနေ့တွင် ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနဖြစ်သည့်  KNCA က ဖော်ပြခဲ့သည်။

KNCAက ထုတ်ပြန်ထားသောပုံ ဓာတ်ပုံများတွင် အနွေးထည်အဖြူ ဝတ်ဆင်ထားသော သမီးဖြစ်သူမှာ ဖခင်ဖြစ်သူ ကင်မ်၏ ဘေးတွင်ရပ်ကာ လက်ကို ဆုပ်ကိုင်ထားလျက် စစ်လက်နက်ပစ္စည်းများ ကြည့်ရှုနေသည်ကို ပြသထားသည်။

သမီးဖြစ်သူ၏ အမည်ကိုမူ KCNAက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

သို့ရာတွင် ၂၀၁၃ ခုနှစ်က ကင်မ်ရှိရာ မြောက်ကိုရီးယားနိုင်ငံအထိ သွားရောက်လည်ပတ်ခွင့်ရခဲ့သော နာမည်ကျော် ဘတ်စကက်ဘော ကစားသမား ဒန်းနစ် ရော့ထ်မန်က ကင်မ်တွင် ဂျူအိုင် ဟု အမည်ပေးထားသည့် ကလေးတစ်ယောက်ရှိကြောင်းနှင့် ကင်မ်သည် ဖခင်ကောင်း တစ်ယောက်ဖြစ်ကြောင်း The Guardian သတင်းဌာနသို့ ပြောပြခဲ့သည်။ 

ကမ်င်နှင့် ဇနီးဖြစ်သူ ရီဆိုဂျူ တွင် ကလေးသုံးယောက် ရှိသည်ဟုလည်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန(NIS) က ဖော်ပြထားသည်။

ကင်မ်သည် သောကြာနေ့က ပြုလုပ်ခဲ့သော ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို ကြီးကြပ်ကွပ်ကဲနေစဉ် သမီးဖြစ်သူကိုပါ တစ်ပါတည်း ခေါ်လာ၍ ပြသခဲ့ခြင်းဖြစ်သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here