ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့ရှိ တံတားပေါ်မှခုန်ချရန်ကြံစည်သည့် မြန်မာနိုင်ငံသားအားဖျောင်းဖြကယ်တင်ခဲ့သည့် ရဲမှူးကြီးအား ထိုင်းရဲချုပ်ကဂုဏ်ပြုခဲ့

0
502

ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့၊ဖလမ်ကောင်း ၉ လမ်းပေါ်ရှိတံတားပေါ်မှ မြန်မာနိုင်ငံသားတစ်ဦးသည် နိုဝင်ဘာ ၁၃ ရက်ညနေ ၄ နာရီကျော်ခန့်ကခုန်ချရန်ကြံစည်ခဲ့သည်။

ထိုသို့ ခုန်ချရန်ကြံစည်ခဲ့သည့် မြန်မာနိုင်ငံသားသည် ကိုအဒီး(၃၀)နှစ်ခန့်ဖြစ်ကာ အလုပ်အကိုင်မရှိ၍ မြန်မာနိုင်ငံပြန်ရန် ငွေကြေးမရှိကာ စာရွက်စာတမ်းအထောက်အထားများလည်း မရှိသဖြင့်တ်စိတ်ဖိစီးမှုများကာ ခုန်ချရန်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ခုန်ချရန်ကြံစည်၍ တံတားဘေးတဖက်စွန်း၌ရပ်နေစဥ် ထိုင်းရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ ဖျောင်းဖြခဲ့ကြပြီး မက္ကာဆန်ရဲစခန်းမှ ရဲမှူးကြီး Narongdej Butnamphet ကလည်း ကန်တော့တောင်းပန်ဖျောင်းဖျ၍ ကိုအဒီးသည် တံတားပေါ်မှပြန်ဆင်းလာပြီးနောက် ရဲမှူးကြီးအား ပြန်လည်ကန်တော့ခဲ့သည်။

ရဲမှူးကြီး Narongdej Butnamphet ၏လုပ်ရပ်အား လူမှုကွန်ယက်စာမျက်နှာများ၌ ဂုဏ်ပြုဖော်ပြမှုများပြုလုပ်ခဲ့ကြပြီး ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့ချုပ် ရဲချုပ်ကြီး Damrongsak Kittipraphat ကလည်း ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here