မြောက်ကိုရီးယားခေါင်းဆောင်က တိုက်ချင်းပစ်ဒုံးအသစ်စမ်းသပ်မှုကိုစစ်ဆေးကြည့်ရှု၊

0
255

နျူလက်နက်ပိုများလာရန်ကတိပေး

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းသည် နိုင်ငံ၏တိုက်ချင်းပစ်ဒုံးကျည်အသစ် စမ်းသပ်မှုကိုစစ်ဆေးကြည့်ရှုစဉ် အမေရိက၏နျူခြိမ်းခြောက်မှုကို တန်ပြန်နိုင်ဖို့ ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်ရန်လည်းကတိပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က နိုဝင်ဘာ ၁၉ ရက်နေ့ကပြောကြားခဲ့သည်။

သမီးဖြစ်သူနှင့်အဆိုပါစမ်းသပ်မှုသို့ ပထမဆုံးအကြိမ်တက်ရောက်လာသည့် ကင်မ်သည်ရန်လိုသောမူဝါဒကိုကျင့်သုံးသည့် အမေရိကနှင့်၎င်းမဟာမိတ်များ၏ ခြိမ်းခြောက်မှုများကြောင့် မိမိတို့နိုင်ငံအတွက် နျူလက်နက်တားဆီးရေးမဖြစ်နိုင်တော့ကြောင်းလည်း ပြောကြားခဲ့သည်။

“ရန်သူတွေဘက်က ခြိမ်းခြောက်မှုတွေဆက်ရှိနေရင်ကျွန်တော်တို့ပါတီနဲ့အစိုးရက နျူလက်နက်နဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသားတုံ့ပြန်သွားပါမယ်” ဟု မစ္စတာကင်မ်ဂျုံအမ်းက လေးနက်စွာပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ကြောင်းသိရှိရသည်။

သို့သော်ယခုတစ်ကြိမ်စမ်းသပ်ပစ်လွှတ်မှုသည် အမေရိက၏လုံခြုံရေးအား မထိခိုက်စေနိုင်သေးကြောင်း အိမ်ဖြူတော်၏ထုတ်ပြန်ချက်အရသိရှိရသည်။

“ဒီစမ်းသပ်ပစ်လွှတ်မှုက ကျွန်တော်တို့အမိမြေကိုထိခိုက်နိုင်တယ်လို့မယူဆပါဘူး” အိမ်ဖြူတော်အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကေဘီကပြောကြားခဲ့သည်။သို့သော်လည်း ၎င်းကပင် အမေရိကအပြင် တောင်ကိုရီးယားနှင့်ဂျပန်တို့သည်လည်း မိမိတို့၏ခံစစ်စွမ်းရည်ကောင်းမွန်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ဟုပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here