ထရမ့်အား တွစ်တာ ပြန်လည် အသုံးပြုခွင့် ပေးသင့် မပေးသင့်နှင့် ပတ်သက်၍ အီလွန်မတ်စ်က မဲခွဲ ဆုံးဖြတ်ခွင့်ပေးလာ 

0
261

အီလွန်မတ်စ်သည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အကောင့်ကို တွစ်တာပေါ်တွင် ပြန်လည် ဖွင့်ခွင့် ပေးသင့် မပေးသင့်နှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၈ ရက် သောကြာနေ့ ညနှောင်းပိုင်းက တွစ်တာပေါ်တွင် မဲဆန္ဒစစ်တမ်း စတင် ကောက်ယူခဲ့ရာ အစောပိုင်းရလဒ်များအရ ၆၀ ရာခိုင်နှုန်းခန့်က ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။ 

မတ်စ်က “လူသားတို့အလိုသည် ဘုရားသခင်၏ အလိုဖြစ်သည်” ဟု အဓိပ္ပာယ်ရသော လက်တင်စကားကို တွစ်တာပေါ်တွင် ရေးသားခဲ့ပြီး ၂၄ နာရီကြာ မဲပေးခွင့် ပြုထားသည်။

မတ်စ်က တွစ်တာသည် ပိတ်ပင်ထားသော သို့မဟုတ် ဆိုင်းငံ့ခံထားရသော အကောင့်အချို့ကို သောကြာနေ့အစာပိုင်းတွင် ပြန်လည်ဖွင့်ပေးခဲ့သည်ဟု ပြောကြားပြီးနောက် ထရမ့်၏ အကောင့်အား ယခုကဲသို့ မဲခွဲဆုံးဖြတ်လာခြင်း ဖြစ်သည်။

ဝန်ထမ်းပေါင်း ထောင်နှင့်ချီ အလုပ်ဖြုတ်ခြင်း အပါအဝင် တွစ်တာအသုံးပြုသူများအား မည်သူ့ကို ပြန်လည် အသုံးပြုခွင့်ပေးရန် မေးမြန်းသော မက်စ်၏ ဆုံးဖြတ်ချက်မှာ တွစ်တာကုမ္ပဏီအား ပြန်လည်ဖွဲ့စည်းရာတွင် မတ်စ်ပြုလုပ်ခဲ့သော ကြီးမားသော ပြောင်းလဲမှုများ ဖြစ်သည်။ 

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here