ကုန်သွယ်ရေးနှင့်ရင်းနှီး မြှုပ်နှံမှုပူးပေါင်း‌ ဆောင်ရွက်ရေးအတွက် စင်္ကာပူနှင့်ဘင်္ဂလားဒေ့ရှ်တို့ စာချွန်လွှာကိုလက်မှတ် ရေးထိုး

0
233

စင်္ကာပူ၊နိုဝင်ဘာ ၁၉

စင်္ကာပူနှင့်ဘင်္ဂလားဒေ့ရှ်တို့သည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (MCTI) စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု စင်္ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနကပြောကြားခဲ့သည်။

အဆိုပါသဘောတူညီမှုအရ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတိုးမြင့်လာ‌စေရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ထောက်ပံ့ပို့ဆောင်ရေး၊ကုန်သွယ်ရေးပံ့ပိုးကူညီမှုနှင့်စံချိန်စံညွှန်းများအတွက် နှစ်နိုင်ငံအကြီးတန်းအရာရှိအဖွဲ့များ၏ အလုပ်အဖွဲ့ကိုတည်ထောင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

“MCTI ဟာ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့စင်္ကာပူကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်” ဟုလည်းပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးအလျင်အမြန်တိုးတက်လာပြီး ပျမ်းမျှ ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိတိုးတက်ခဲ့သည်။၎င်းသည် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံများအနက် နံပါတ် ၃၀ အထိတိုးတက်လာရန်လည်းမျှော်လင့်ထားသည်။

ယခုခရီးစဉ်တွင် ကိုယ်စားလှယ်အဖွဲ့များသည် အစိုးရအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြကြောင်းလည်းသိရှိရသည်။

Source :CNA


LEAVE A REPLY

Please enter your comment!
Please enter your name here