ရုရှားနိုင်ငံနှင့်ခရီးသွားမြှင့်တင်ရေးအစီအစဉ်တစ်ရပ်အနေနှင့်ချစ်ကြည်ရေးခရီးစဉ်များအား ပုဂ္ဂလိကအသင်းအဖွဲ့များဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည်

0
237

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်က ရုရှားနိုင် ငံတွင် ပညာသင်ကြားခဲ့သည့် နိုင်ငံ့ဝန်ထမ်းများနှင့်ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် နိုဝင်ဘာ ၁၈ ရက်နံနက်ပိုင်းက ဒုတိယအကြိမ်တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံသည် ပထဝီအနေအ ထားအရ အလှမ်းကွာဝေးသော်လည်း လေ ကြောင်းလိုင်းများ ပြေးဆွဲပျံသန်းနိုင်ရန်ဆောင် ရွက်နိုင်မည်ဆိုပါက ရုရှားခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးအတွက် များစွာအ ထောက်အပံ့ဖြစ်နိုင်သည်ဟု ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်း ရုရှားပြည်သူများပိုမိုသိရှိစေရန် ရုရှားနိုင်ငံ၏ URAL Airline In-Flight မဂ္ဂဇင်းတွင် မြှင့်တင်ကြော်ငြာနိုင်ရေးကို ဆောင်ရွက်လျက်ရှိပြီး ရုရှားနိုင်ငံနှင့်ခရီးသွားမြှင့်တင်ရေး အစီအစဉ်တစ်ရပ်အနေနှင့်ချစ်ကြည်ရေးခရီးစဉ်များကို ပုဂ္ဂ လိကအသင်းအဖွဲ့များဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ပြောသည်။

ရုရှားနိုင်ငံတွင်ကျင်းပမည့် ခရီးသွားပြပွဲများတွင်လည်း ဝန်ကြီးဌာနနှင့်ပုဂ္ဂလိက အသင်းအဖွဲ့များ ပူးပေါင်း၍ ပါဝင်ပြသရန်ဆောင်ရွက်လျက်ရှိကာ ရုရှားနိုင်ငံ၌ ပညာသင်ယူခဲ့ကြသူများအနေဖြင့် ဝန်ကြီးဌာနမှ ရုရှားခရီးသွားဈေးကွက်မြှင့်တင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များတွင် ဝိုင်းဝန်းကူညီအကြံပြုပေးကြရန်နှင့်အစီအစဉ်များရှိပါကလည်း ဝန်ကြီးဌာနမှပံ့ပိုးကူညီဆောင် ရွက်ပေးသွားမည်ဟု ပြောသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန်၊ပညာရေးဝန်ကြီးဌာန၊ကာကွယ်ရေးဝန်ကြီး ဌာနတို့မှတက်ရောက်လာကြသူများနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြခဲ့ကြသည်။

မြန်မာ- ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့်ရုရှားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်စေရေး၊ရုရှားခရီး သွားဧည့်သည်များကို ကောင်းမွန်သည့် ဝန်ဆောင် မှုများပေးအပ်နိုင်ရေးတို့ကိုရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ရုရှားနိုင်ငံအ စိုးရပိုင်း၊ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here