ရုရှားတိုက်ခိုက်မှုများအပြီး စွမ်းအင်အခြေခံအဆောက်အအုံ တစ်ဝက်နီးပါး ပြုပြင်ရန်လိုအပ်နေဟု ယူကရိန်းဆို

0
265

ရုရှားတို့တိုက်ခိုက်မှုများအပြီးတွင် ယူကရိန်းနိုင်ငံ ပြည်နယ် တစ်ဒါဇင်ကျော်ရှိ သန်းနှင့်ချီသော ယူကရိန်းနိုင်ငံသားများသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများနှင့် ကြုံတွေ့နေရသဖြင့် အအေးဒဏ်ကိုပြင်းထန်စွာခံစားနေရကာ၊ ယူကရိန်းနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံအားလုံး၏ ထက်ဝက်နီးပါးကိုလည်း ပြန်လည်ပြုပြင်ရန်လိုအပ်နေကြောင်း ယူကရိန်းနိုင်ငံမှ တာဝန်ရှိသူများက ယနေ့ နိုဝင်ဘာ ၁၈ရက်တွင် ပြောကြားသည်။

“နိုဝင်ဘာ ၁၅ ရက်လောက်ကစပြီး ရုရှားက ယူကရိန်းမြို့တွေကို ဒုံးကျည် ၁၀၀ လောက်နဲ့ ပစ်ခဲ့တယ်။ ကျွန်တော်တို့ စွမ်းအင်စနစ် အခြေခံအဆောက်အအုံ ထက်ဝက်နီးပါးကို အခု ပိတ်ထားလိုက်ရပြီ”ဟု ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal ကပြောပြီး၊ မဟာမိတ်များအနေဖြင့် ယူကရိန်းကို ဆက်လက်ထောက်ခံအားပေးကြရန်ကိုလည်း ပန်ကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ပြည်နယ် ၁၇ခု နှင့် Kyiv မြို့တော်တို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကို ရင်ဆိုင်နေရပြီး၊ မိမိတို့ အင်ဂျင်နီယာများက မဟာဓာတ်အားလိုင်းကို ပြုပြင်ရန်လုပ်နေဆောင်နေသဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများမှာ မကြာမီလျော့နည်းလာမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးကပြောသည်။

တစ်ချိန်တည်းတွင်ပင် မိမိတို့ထံမှ လက်နက်ချတပ်သားတစ်စုကို ယူကရိန်းတို့က သုတ်သင်သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းသည် စစ်ရာဇဝတ်မှုမြောက်ကြောင်းကိုလည်း ရုရှားတို့က စွပ်စွဲပြစ်တင်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here