ရုရှားကာကွယ်ရေးဝန်ကြီးအား စည်သူဘွဲ့ချီးမြှင့်ပြီး  ဂျပန်မြန်မာအသင်းဥက္ကဋ္ဌအပါအဝင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များတိုင်းရင်းသားပါတီ ခေါင်းဆောင်များ၊စီးပွားရေးလုပ်ငန်းရှင်များအားသီရိပျံချီဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များချီးမြှင့်အပ်နှင်း

0
278

နစက ဥက္ကဋ္ဌက အမိန့်ကြော်ငြာစာအမှတ် (၂၁၅/၂၀၂၂)ဖြင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းသာယာဝ‌ပြောရေးအတွက် စွမ်းစွမ်း တမံဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့သည်ကို နိုဝင် ဘာ ၁၉ ရက်ကထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် စည်သူဘွဲ့အား ရုရှားကာကွယ်ရေးဝန်ကြီး H.E Army General Sergey Kuzhugetovich Shoigu အားချီးမြှင့်ခဲ့သည်။

ထို့ပြင် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့အား ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ Colonel General Alexander Vasilyevich Fomin ၊ဂျပန်-မြန်မာအသင်း  မှ H.E Mr.Hideo Watanabe ၊ ကရင်ပြည်နယ်၊တော်ပုံကျေးရွာ၊ဇွဲကပင်ကျောက်းတိုက်ဆရာတော်ဦးကဝိဓဇ၊ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး(DKBA)ဥက္ကဋ္ဌ ဦးသာထူးကျော်အပါအဝင် DKBA မှ  ၉ ဦးအား ချီးမြှင့်ခဲ့သည်။

ထို့ပြင်  ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဒေါက်တာတင်မိုသီအပါအဝင် ၈ ဦး၊ တိုင်းရင်းသားပါတီ ဥက္ကဋ္ဌ များဖြစ်သည့် ဦးစိုင်းအိုက်ပေါင်း၊ဒေါက်တာအေးမောင်၊ဦးသုဝေ တို့အပါအဝင် ၆ ဦး၊စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ရိုးမဘဏ် ဥက္ကဋ္ဌဦးသိမ်းဝေ အပါအဝင် ၃ ဦးတို့ကိုလည်း သီရိပျံချီဘွဲ့များ ချီးမြှင့်ခဲ့သည်။

ဝဏ္ဏကျော်ထင်ဘွဲ့အား နစက ဥက္ကဋ္ဌ အကြံပေးအဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ၉ ဦး၊ စွမ်းဆောင်မှုဆ်ုင်ရာဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် စီမံခူးချွန်တံဆိပ်(ပထမအဆင့်)အား Mr.Alexander Vladimirovich OSTROVSKY ၊ လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)အား စာရေးဆရာ/Journalist ဦးရဲမိုး(ခ)နေရီတို့အား ချီးမြှင့်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here