မဟာသီယာမိုဟာမက် ရွေးကောက်ပွဲတွင် မဲရလာဒ် အခြေအနေမကောင်း

0
226

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်သည် စနေနေ့က ကျင်းပသော မလေးရှားနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် မဲရလာဒ်များ အခြေအနေမကောင်းသဖြင့် အာရှ၏ သက်တမ်းအရှည်ဆုံး နိုင်ငံရေးသမားအဖြစ်ကို အဆုံးသတ်ဖွယ်ရှိနေကြောင်း သိရသည်။

အသက် ၉၇ နှစ်ရှိပြီဖြစ်သော မဟာသီယာသည် သူကာလကြာရှည်ထောက်ခံမှုများရရှိခဲ့သော လန်ကာဝီမဲဆန္ဒနယ်တွင်ပင် ယှဉ်ပြိုင်သူ ၅ ဦးအနက် စတုတ္ထနေရာကိုသာ ရရှိခဲ့ကြောင်း မလေးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။

“သူဟာ မဲပေးသူ စုစုပေါင်းရဲ့ ရှစ်ပုံတစ်ပုံတောင် ထောက်ခံမှုမရရှိတဲ့အတွက် ရွေးကောက်ပွဲအတွက် တင်သွင်းထားရတဲ့ အာမခံငွေကြေးကိုပါ ဆုံးရှုံးခဲ့တာဖြစ်တယ်။ လက်ရှိအချိန်အထိလဲ သူ့ပါတီက အမတ်တစ်နေရာမှ မနိုင်ကြသေးဘူး”ဟု ကွာလာလမ်ပူမြို့ပြင်မှ သတင်းပေးပို့နေသော အယ်လ်ဂျာဇီးယား သတင်းထောက် ဖလောရင့်စ်လူးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here