ပဲခူးတွင်မုန့်ဆိုင်တစ်ဆိုင်၌ မိနစ် ၅၀ ခန့်ကြာမီးလောင်မှုဖြစ်ပွား

0
174

ပဲခူးတိုင်း၊ပဲခူးမြို့၊မြို့တွင်းကြီးရပ်ကွက်ရှိ သနပ်ပင်လမ်းတွင် နိုဝင်ဘာ ၁၉ ရက်ညပိုင်းက မိနစ် ၅၀ ခန့်ကြာမီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယင်းနေ့ည ၁ နာရီခွဲခန့်က ပဲခူးမြို့၊မြို့တွင်းကြီးရပ်ကွက်၊သနပ်ပင်လမ်းရှိ မုန့်ဆိုင်တစ်ဆိုင်၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပဲခူးမြို့နယ်ရှိ မီးသတ်စခန်းများမှတပ်ဖွဲ့ဝင်များက မီးသတ်ကားများ၊လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ည ၂ နာရီ ၂၀ မိနစ်တွင်မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here