တာချီလိတ်မြို့တွင် အသက် (၆၀) ကျော်အမျိုးသမီးတစ်ဦး နေအိမ်တွင် ကြိုးဆွဲချ အဆုံးစီရင်မှုယနေ့ နို၀င်ဘာ ၂၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်၊ နယ်မြေ (၇) အားခေးရွာတွင် ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က အသက် (၆၄) နှစ်အရွယ် (ဒေါ်မီဖာ)သည် နေအိမ်တွင် မိမိကိုယ်မိမိ ကြိုးဆွဲချ အဆုံးစီရင် ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
” သူက နဂိုက ကျန်းမာရေးသိပ်မကောင်းဘူး၊ လေလည်းဖျန်းထားတာပေါ့၊ အခုက လမ်းလေးဘာလေး လျောက်နိုင်တဲ့အနေအထားပေါ့၊ အလုပ်မလုပ်နိုင်တော့ စိတ်အားငယ်တယ်နဲ့တူပါတယ်၊ ဆေးတွေလည်းမသောက်တော့တာမျိုး ရှိပါတယ်” ဟု အဆိုပါရပ်ကွက်မှ တာ၀န်ရှိသူ တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။
အဆိုပါသေဆုံးသူအမျိုးသမီးသည် ခင်ပွန်း၊ သား၊ ချွေးမ မြေးများဖြင့် နေအိမ်တွင် အတူနေထိုင်နေသူဖြစ်သည်ဟုလည််း သိရသည်။
ထိုဖြစ်စဉ်ကြောင့် ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းက DB အား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပြီး ဆရာဝန် ဆေးစစ်ချက် ရယူရန် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီး မော်ကြူရီသို့ လိုက်ပါပို့ဆောင် ထားရှိပေးခဲ့ကြောင်း သိရသည်။