Sunday, January 5, 2025

အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ်...

ယခု ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄)သန်းကျော်ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။ ဗဟိုဘဏ်အနေဖြင့်...

တနင်္သာရီ- မော့တောင် – ဘုတ်ပြင်းလမ်းပိုင်းခရီးသွားလာသူများ...

တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီ - မော့တောင် - ဘုတ်ပြင်းလမ်းပိုင်း ခရီးသွားလာသူများအနေဖြင့် မိုင်းအန္တရာယ် အထူးဂရုပြုရန် ‌ဒေသတွင်း စောင့်ကြည့်လေ့လာသူများက ယမန်နေ့ ဇန်နဝါရီ(၄)ရက်၌...

ရိုးရာဖိုက်တာ နော်ဥမ္မာစိုး ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ...

Tiger Muay Thai Gym သို့ ရောက်ရှိနေသည့် ရိုးရာဖိုက်တာ နော်ဥမ္မာစိုးနှင့် ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ Ka rolina Lisowska...

စင်္ကာပူ၌ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓါတ်ငွေ့တာဘိုင်တည်ဆောက်မည်

စင်္ကာပူ၊ဇန်နဝါရီ ၄ စင်္ကာပူနိုင်ငံ၌ ၂၀၂၉ ခုနှစ်တွင် စတင်လည်ပတ်ရန်လျာထားသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓါတ်ငွေ့တာဘိုင်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ “စွမ်းအင်ဝယ်လိုအားမြင့်တက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေအတွက် စွမ်းအင်ပေးနိုင်ဖို့...
HomeInternationalနိုင်ငံငယ်များအား ရာသီဥတုလျော်ကြေးပေးရန် COP...

နိုင်ငံငယ်များအား ရာသီဥတုလျော်ကြေးပေးရန် COP – 27 အတည်ပြု

ရှမ်အယ်လ်ရှိတ်၊နိုဝင်ဘာ ၂၀

ယနေ့နိုဝင်ဘာ ၂၀ ရက်နေ့၌ အီဂျစ်နိုင်ငံတွင်ကျင်းပလျက်ရှိသော ရာသီဥတုအရေးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲ COP 27 တွင် ရာသီဥတုပြောင်းလဲမှုဒဏ်ခံစားနေရသော နိုင်ငံငယ်လေးများအတွက် လျော်ကြေးငွေပေးဆောင်ရန် အစီအစဉ်အား အတည်ပြုဆုံးဖြတ်ခဲ့ကြကြောင်းသိရှိရသည်။

တစ်ညလုံးနီးပါး တင်းမာမှုများဖြစ်ခဲ့သည့် အဆိုပါညှိနှိုင်းမှုများအပြီးတွင် COP 27 ကို လက်ခံကျင်းပသည့် အိမ်ရှင်အီဂျစ်နိုင်ငံဘက်မှ အားလုံးလက်ခံသဘောတူထားသည်များကို မူကြမ်းထုတ်ပြန်ခဲ့ပြီး ကုလအသိအမှတ်ပြုသဘောတူညီချက်ဖြစ်လာစေရန် အစည်းအဝေးတစ်ရပ်ကိုတစ်ပြိုင်တည်းခေါ်ယူခဲ့သည်။

ယင်းနောက် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအတွက် မုန်တိုင်းနှင့်ရေလွှမ်းမိုးခြင်းတို့ကဲ့သို့သော ရာသီဥတုဘေးဒဏ်ခံရပြီးပါက ချက်ချင်းပြန်လည်နာလန်ထနိုင်ရန်အတွက် ရန်ပုံငွေထူထောင်မည့်ပြဌာန်းချက်ကို အတည်ပြုခဲ့ကြသည်။

သို့သော်လာမည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် COP 28 ရာသီဥတုထိပ်သီးအစည်းအဝေး၌ မည်သည့်နိုင်ငံကိုထောက်ပံ့ကြေးရန်ပုံငွေပေးမည် စသဖြင့်ဆုံးဖြတ်ရာ၌ အငြင်းပွားစရာပြဿနာများ ဖြစ်လာနိုင်သေးသည်ဟုလည်းဖော်ပြထားသည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄) သန်းကျော်ဗဟိုဘဏ်ထုတ်ရောင်းခဲ့

ယခု ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄)သန်းကျော်ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။ ဗဟိုဘဏ်အနေဖြင့် တစ်ဒေါ်လာ (၃၅၈၈)ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ (၂၅) သန်း၊ ထိုင်းဘတ်ငွေလဲနှုန်း (၁၂၉ ဒသမ ၉၀) ကျပ်နှုန်းဖြင့် (၂)သန်းခွဲ ဝန်းကျင်ထပ်မံ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။ ပြင်ပငွေကြေးဈေးကွက်တွင်အမေရိကန် တစ်ဒေါ်လာ (၄၃၆၀ - ၄၄၃၀) ကျပ် ဝန်းကျင် ပေါက်ဈေးရှိပြီး ပြင်ပပေါက်ဈေးနှင့် ဗဟိုဘဏ်ပေါက်ဈေးကွာဟချက်သည် တစ်ဒေါ်လာ ကျပ် (၈၀၀) ဝန်းကျင်သာ...

တနင်္သာရီ- မော့တောင် – ဘုတ်ပြင်းလမ်းပိုင်းခရီးသွားလာသူများ မိုင်းအန္တရာယ် အထူးဂရုပြုရန် သတိပေး

တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီ - မော့တောင် - ဘုတ်ပြင်းလမ်းပိုင်း ခရီးသွားလာသူများအနေဖြင့် မိုင်းအန္တရာယ် အထူးဂရုပြုရန် ‌ဒေသတွင်း စောင့်ကြည့်လေ့လာသူများက ယမန်နေ့ ဇန်နဝါရီ(၄)ရက်၌ သတိပေးထားနှိုးဆော်ထားသည်။ အဆိုပါ လမ်းပိုင်းအတွင်းရှိ ကျေးရွာများ၌ နှစ်ဘက်ထိတွေပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ မိုင်းထောင်ထားခြင်းများလည်းရှိနေသည့်အတွက် နေရာတိုင်းသတိထားသွားလာကြရန် တိုက်တွန်းထားသည်။ အလားတူ မြိတ် - တနင်္သာရီ လမ်းပိုင်းတွင်လည်းခရီးသွားပြည်သူများ လမ်းဘေး အပေါ့အပါးသွားလာခြင်းမျိုးမပြုကြရန်နှိုးဆော်ထားသည်။ ယင်း လမ်းပိုင်းအတွင်း ည(၆)နာရီကျော်ပါက ဖြတ်သန်းမောင်နှင်ခြင်းမပြုကြရန်နှင့် အဆိုပါ လမ်းပိုင်းပေါ်ရှိ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ညောင်ပင်ကုန်းရှာနှင့် ဘန်းလမွတ်ရွာတို့မှ တိုက်ပွဲဖြစ်ပွားရာနယ်မြေများဖြစ်သည်ဟု သတိပေးထားသည်။ ပြီးခဲ့သည့်နှစ်အတွင်း တနင်္သာရီတိုင်း၌...

ရိုးရာဖိုက်တာ နော်ဥမ္မာစိုး ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်မည်

Tiger Muay Thai Gym သို့ ရောက်ရှိနေသည့် ရိုးရာဖိုက်တာ နော်ဥမ္မာစိုးနှင့် ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ Ka rolina Lisowska တို့ ဇန်နဝါရီ(၉)ရက် ညပိုင်းတွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်ကို ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ Patong Fight Night ချန်ပီယံခါးပတ်လုပွဲစဉ် တစ်ခုဖြစ်ကြောင်း သိရသည်။ ပွဲစဉ်နှင့်ပတ်သက်၍ နော်ဥမ္မာစိုးက "ပွဲက(၉)ရက်နေ့ Phuket မှာရှိမယ် အားပေးကြပါဦး"ဟု သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။ ပွဲစဉ်ကို Patong Fight Night...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071