Miss Universe Myanmar 2017 ပြိုင်ပွဲကနေ သူ့ရဲ့အားနည်းချက်အားသာချက်တွေကိုသိရှိခဲ့ရတဲ့ ခင်လပြည့်ဇော်

0
114

zaw_5628

အလှမယ် ခင်လပြည့်ဇော်က နိုဝင်ဘာလ ၆ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ ၂၁ နှစ်ပြည့်မွေးနေ့ပွဲအတွက် နိုဝင်ဘာလ ၇ ရက်နေ့ မနက် ၁ဝ နာရီက မဟာစည် သာ သနာ့ရိပ်သာရှိ သီရိမင်္ဂလာ မဟာ ဓမ္မာရုံကျောင်းတိုက်မှာ မွေးနေ့ အလှူပြုလုပ်ခဲ့ပါတယ်။ မွေးနေ့အလှူအဖြစ် သီရိမင်္ဂလာ မဟာဓမ္မာရုံ ကျောင်းတိုက်မှာရှိတဲ့ သံဃာတော် များကို လှူဖွယ်ဝတ္တု ငွေများနဲ့ ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ၂၁ နှစ်ပြည့်မွေးနေ့ကတော့ အပျော်ရွှင် ရဆုံးနဲ့ ထူးခြားမှု အရှိဆုံးမွေးနေ့ ဖြစ်ကြောင်းကို အလှမယ် ခင်လပြည့်ဇော်က..

” အမှန်တကယ်တော့ ညီမ မွေးနေ့အစစ်က နိုဝင်ဘာလ ၆ ရက် နေ့ပါ။ ဒါက အင်္ဂလိပ်လို မွေးနေ့ ပေါ့နော်။ မြန်မာလိုကတော့ တန် ဆောင်မုန်းလပြည့်နေ့ပါ။ ဒီနေမှ လုပ်ဖြစ်တာကတော့ ညီမရဲ့ မွေးလ က တကယ့်ကို အလှူအတန်းပေါများတဲ့လဖြစ်နေတော့ အချိန်က တော်တော်လုနေရတယ်။ ညီမတို့ ကိုးကွယ်တဲ့ကျောင်းက ဘုန်းဘုန်းအားတဲ့ရက်ကိုလည်း ယူရသေးတာဆိုတော့ မွေးနေ့အလှူကို ဒီနေ့မှလုပ်ဖြစ်တာပါ။ ဒီနှစ်မွေးနေ့မှာ ညီမကို မွေးနေ့ Surprise လုပ်ပေးတဲ့ ပရိသတ်တွေများတယ်။ အရင်ကဆို ကိုယ့်မွေးနေ့အတွက် Surprise လုပ်ပေးမယ့်သူက ကိုယ့် မိသားစုပဲရှိ တာလေ။ ဒီနှစ်ကတော့ ပရိသတ်တွေက ညီမရဲ့အိမ်လိပ်စာ ကိုစုံစမ်းပြီး ည ၁၂ နာရီကျော်ကတည်းက မွေးနေ့လက်ဆောင်တွေပို့ကြတာ တအားပျော်ရပါတယ်။ ပြီးတော့ ညီမရဲ့ Page ကို ကိုင်ပေးတဲ့ စင်ကာပူက အစ်မကလည်း ညီမနာမည် နဲ့ နယ်မှာ အလှူလုပ်ပေးတော့ ပိုပြီး ဝမ်းသာသွားခဲ့ရတယ်။ ညီမကိုချစ်ခင်အားပေးကြတဲ့အပြင် သူတို့ရဲ့ အိတ်ထဲကနေ ပိုက်ဆံတွေစိုက်၊ အချိန်ကုန်လူပင်ပန်းခံပြီးလုပ်ပေးတော့ ညီမ တအားဝမ်းသာရပါတယ်။ သူတို့ မွေးနေ့လက်ဆောင် အဖြစ်ပေးကြ တဲ့လက်ဆောင် တွေကို မွေးနေ့ လက်ဆောင်လို့တောင် မမြင်မိတော့ဘဲ သူတို့ရဲ့ အချစ်တွေ၊ မေတ္တာ တွေကိုပုံးထဲ ထည့်ပြီးလာပေးသလို ခံစားရပါတယ်” လို့
ပြောပြပါတယ်။

အလှမယ် ခင်လပြည့်ဇော်က Miss Universe Myanmar 2017 ပြိုင်ပွဲမှာ 4th Runner Up ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ ဒီပွဲမှာ သူ့ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုပိုမိုသိရှိ လာခဲ့ရတဲ့အတွက် နောက်ထပ်အလှမယ်ပြိုင်ပွဲများမှာအ ကောင်းဆုံးယှဉ်ပြိုင်သွားနိုင်ဖို့ ကြိုးစားသွားမှာဖြစ် ကြောင်း ပြောပြပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here