အလုံမြို့နယ်ရှိ သခင်မြပန်းခြံထောင့်ရှိ အများသုံးသန့်စင်ခန်းအတွင်း၌ လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်

0
302

ရန်ကုန်တိုင်း၊အလုံမြို့နယ်ရှိ သခင်မြပန်းခြံထောင့်ရှိ အများသုံးသန့်စင်ခန်းအတွင်း၌ နိုဝင်ဘာ ၂၀ ရက်နေ့လည်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ နေ့လည် ၃ နာရီကျော်ခန့်က သခင်မြပန်း ခြံထောင့်ရှိ အများသုံးသန့်စင်ခန်းအတွင်း၌ ထောင်ထားသည့် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကာ အ မျိုးသား ၁ ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဗုံးပေါက်တဲ့နေရာက သန့်စင်ခန်းတွဲက အစွန်ဆုံးအခန်း ပေါက်ကွဲသံကလည်း အကျယ်ကြီးပဲလို့ပြောကြတယ် အသေးစိတ်ကိုတော့ တာဝန်ရှိတဲ့လူတွေက ဖြစ်စဥ်နေရာကိုချက်ခြင်းပိတ်ပြီး စစ် ဆေးတာဆိုတော့ အတိအကျမသိဘူး”ဟု အလုံမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးရှာဖွေရာ သန့်စင်ခန်းအတွင်း၌ မပေါက် ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံးအား ထပ်မံတွေ့ရှိခဲ့ရသဖြင့် အချိန်မီဖယ်ရှား၍ ဖောက်ခွဲဖျက် ဆီးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မျက်နှာနှင့်လက်တို့၌ ဗုံးစထိမှန်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သည့် အမျိုးသားအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ ဆောင်ခဲ့ကြကြောင်း သိရသည်။

Photo Credit

ယခုဖော်ပြထားသောပုံမှာ ယခင်ပုံဟောင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here