ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်သည်အမေရိက၏ ရုပ်သေးရုပ်ဟု မြောက်ကိုရီးယား ပြော

0
206

ဆိုးလ်၊ နိုဝင်ဘာ ၂၁

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသည် ၎င်းနိုင်ငံ၏ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အကြီးအကဲ ဂူတာရက်စ်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည့်အပေါ် လွန်စွာ ဝမ်းနည်းမိကြောင်း နိုဝင်ဘာလ ၂၀ ရက် တနင်္ဂနွေနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်အပတ် သောကြာနေ့က အဖျက်စွမ်းအားကြီးမားသော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့သဖြင့် ဂူတာရက်စ်က နောက်ထပ် ရန်စသည့် လုပ်ရပ်များအား ရပ်တန့်ပေးပါရန် တိုက်တွန်းခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ချိုဆန်းဟွီက မြောက်ကိုရီးယားသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံမှ ယင်းကဲ့သို့ မနှစ်မြို့ဖွယ် တုံ့ပြန်ချက်များကို ရရှိခဲ့သည့်အတွက် အတော်လေး စိတ်မကောင်း ဖြစ်မိကြောင်း ပြန်လည် ပြောကြားခဲ့သည်။

ဂူတာရက်စ်၏ ပြောကြားချက်များတွင် ကုလသမဂ္ဂ၏ ရည်မှန်းချက်ဖြစ်သော ကိစ္စရပ်တိုင်းတွင် သမာသမတ်ကျမှု၊ ဓမ္မဓိဌာန်ကျမှုနှင့် သာတူညီမျှ ဆက်ဆံမှုတို့ကို ထိန်းသိမ်းရမည်ဟူသော အချက်များ လစ်ဟာနေကြောင်း၊ ထိုပြောစကားများကို ကြည့်ခြင်းဖြင့် သူသည် အမေရိက၏ ရုပ်သေးရုပ်သာ ဖြစ်သည်ကို ပြသနေကြောင်း ချိုက ပြောကြားခဲ့သည်။

“ကိုရီးယားကျွန်းဆွယ်အရေးကို မျက်နှာမလိုက်ဘဲ သမာသမတ်ကျပြီး မျှတစွာ ကိုင်တွယ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် ကို မကြာသေးမီက သတိပေးခဲ့ပါတယ်” ဟု ချိုက ပြောခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here