ရွှေတောင်မြို့ရှိ ဂိုထောင်ဟောင်းတစ်လုံးတွင် ၁ နာရီခန့်ကြာ မီးလောင်မှုဖြစ်

0
321

ပဲခူးတိုငိး၊ရွှေတောင်မြို့၊ကြာနီကန်ရပ်ကွက်၊ရန်ကုန်-ပြည်သွားကားလမ်းဘေးရှိ ဂိုထောင်ဟောင်းတစ်လုံး နိုဝင်ဘာ ၂၁ ရက်(ယနေ့)နေ့လည်ပိုင်းက ၁ နာရီခန့်ကြာ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နေ့လည် ၁ နာရီခွဲခန့်က ရွှေတောင်မြို့၊ကြာနီကန်ရပ်ကွက်၊ရန်ကုန်-ပြည်သွားကားလမ်းဘေးရှိ ဂိုထောင်ဟောင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ရွှေတောင်မြို့နယ်မီးသတ်စခန်း၊မြို့နယ်အရန်မီးသတ်စခန်း၊ပေါင်းတည်မြို့နယ်မီးသတ်စခန်း၊ပြည်မြို့နယ်မီးသတ်စခန်းနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နေ့လည် ၃ နာရီ ၅၀ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး ညနေ ၄ နာရီ ၂၅ မိနစ်တွင် မီးငြိမသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“ဘယ်လိုကြောင့်လောင်တယ်ဆိုတာတော့မသိဘူးဗျ မီးသတ်ကစစ်မှာပေါ့ အဲဒီအပိုင်းကို ဂိုထောင်ကမသုံးပဲထားတာကြာပြီ အဟောင်းကြီးပါ ထိခိုက်ဒဏ်ရာရသူမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်း ရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here