ယနေ့စတင်ဖွင့်လှစ်သည့် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)တွင် မောင်မယ်သစ်လွင်နေ့ပြုလုပ်

0
195

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)တွင် နိုဝင်ဘာ ၂၁ ရက်(ယနေ့)နံနက်ပိုင်းက မောင်မယ်သစ်လွင်နေ့ပြုလုပ်ခဲ့သည်။

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းသို့ စတင်တက်ရောက်မည့် ကျောင်း သား၊ကျောင်းသူများအား ကြိုဆိုသည့်အနေဖြင့် မောင်မယ်သစ်လွင်နေ့ကျင်းပခြင်းဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)ဒု-ပါမောက္ခချုပ် ဒေါက်တာဇော်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးများက မိတ်ဆက်စကားပြောကြားပြီး ဘာသာရပ် ဆရာ၊ဆရာမများနှင့်မိတ်ဆက်ပေးခဲ့ကြသည်။

ထို့နောက် မောင်မယ်သစ်လွင် ကျောင်းသား၊ကျောင်းသူများအား တက္ကသိုလ်အတွင်းရှိ Campus Tour အဖြစ် စာကြည့်တိုက်၊ဘာသာရပ်ဌာနများ၊ Languages Lab၊ FCST Lab၊ Physics Lab နှင့်ကွန်ပျူ ဖတာခန်းများအား လှည့်လည်ပြသ၍ ဘာသာရပ်အလိုက် ဆောင်ရွက်ချက်များကို Project များဖြင့်ပြသခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တွင် ပထမနှစ် (ပထမနှစ်ဝက်)သင်တန်း၌ ပထမနှစ်ကျောင်း သား၊ကျောင်းသူ ၇၀ ရာခိုင်နှုန်းကျော် တက်ရောက်သင်ကြားလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here