လုံခြုံရေးအခြေအနေကြောင့် ငပလီကမ်းခြေ ဆောင်းဦးပွဲတော်ကို တစ်ရက်သာ ကျင်းပ

0
160

လုံခြုံရေးအခြေအနေကြောင့် ငပလီကမ်းခြေ ဆောင်းဦးပွဲတော်ကို ယနေ့ (နို၀င်ဘာ ၂၁) တစ်ရက်သာ ကျင်းပခဲ့ကြောင်း သိရသည်။

ငပလီကမ်းခြေဆောင်းဦးပွဲတော်တွင် ရခိုင်ယဉ်ကျေးမှုကို အဓိကထားဖော်ပြသည့်အနေနှင့် ရခိုင်စည်တော်တီးခတ်ကာ ရခိုင်ရိုးအကများဖြင့် ဖွင့်လှစ်ခဲ့ပြီး သဲပန်းပုအလှပြခြင်း ၊ စက်ဘီးအလှစီးခြင်း၊ ကပြဖြေဖျော်ခြင်းများ အပြင် ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲတို့ကို ထည့်သွင်း ကျင်းပခဲ့သည်ဟု သိရသည်။

ဆောင်းဦးပွဲတော်ကျင်းပရခြင်းမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွား ပြည်သူများ ပိုမိုဆွဲဆောင်နိုင်ရန်နှင့် ဒေသခံပြည်သူများ၏ အကျိုးစီးပွားအဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ငပလီ ကမ်းခြေဆောင်းဦး ခရီးသွားရာသီကိုဖွင့်လှစ်ကြိုဆိုခြင်းဖြစ်သည်ဟု သိရသည်။

ငပလီ ဆောင်းဦးပွဲတော်ကို ငပလီကမ်းခြေသို့ လာရောက် အပန်းဖြေမည့် ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များအား ဆွဲဆောင်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် ပထမအကြိမ် စတင် ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ဒုတိယအကြိမ်အဖြစ် အောင်မြင်စွာကျင်းပခဲ့ပြီး ယခုနှစ်တွင် တတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။

Photo – RDN


LEAVE A REPLY

Please enter your comment!
Please enter your name here