မြန်မာနိုင်ငံရှိ နေ့သင်တန်းတက္ကသိုလ်၊ ဒီဂရီကောလိပ်အသီးသီးအား ယနေ့စတင်ဖွင့်လှစ်

0
393

ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၊ ကျန်းမာ ရေးဝန်ကြီးဌာနရှိ ဆေးတက္ကသိုလ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ နည်းပညာတက္ကသိုလ်၊ကွန်ပျူတာတက္ကသိုလ်တို့အား နိုဝင်ဘာ ၂၁ ရက် (ယနေ့)မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ထိုသို့ ဖွင့်လှစ်ရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ်(ပထမနှစ် ဝက်)သင်တန်းများကိုလည်း စတင်ဖွင့်လှစ်သင် ကြားပေးခဲ့သည်။

ထို့ပြင် ပထမနှစ်(ဒုတိယနှစ်ဝက်)၊ဒုတိယနှစ်နှင့်မဟာဘွဲ့သင်တန်းများ၊ပါရဂူဘွဲ့သင်တန်းများကိုလည်း နိုဝင်ဘာ ၂၁ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)နှင့်(မန္တလေး)တို့တွင်လည်း ၂၀၂၂ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထ မနှစ်(ပထမနှစ်ဝက်)၊ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့်အခြား ဘာသာရပ်နှစ်အလိုက်သင်တန်းများအား နိုဝင်ဘာ ၂၁ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၊ဆေးပညာနှီးနွယ်တက္ကသိုလ်များ၏ ၂၀၂၂ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထ မနှစ်သင်တန်းများနှင့်အခြားဘာသာရပ်နှစ်အ လိုက်သင်တန်းများကိုလည်း စတင်ဖွင့်လှစ်သင် ကြားပေးလျက်ရှိသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊အဆငိ့မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နည်းပညာတက္က သိုလ်များနှင့်ကွန်ပျူတာတက္ကသိုလ်များကိုလည်း နိုဝင်ဘာ ၂၁ ရက်(ယနေ့)မှစ၍ ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here