သာမန်ကားအဖြစ်မှ လေထဲပျံသန်းနိုင်သော ယာဉ်အဖြစ်ပြောင်းလဲတပ်ဆင်နိုင်သော ၂ယောက်စီး ယာဉ်နမူနာကို စမ်းသပ်ပျံသန်း

0
289

သာမန်မြေပြင်တွင် မောင်းနှင်သောကားအဖြစ်မှ လေထဲတွင် ပျံသန်းနိုင်သော ဒရုန်းတစ်စင်းအဖြစ် လျှင်မြန်စွာပြောင်းလဲ တပ်ဆင်နိုင်သော ကမ္ဘာ့ပထမဆုံး ၂ ယောက်စီး ယာဉ်နမူနာကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပထမဆုံး စမ်းသပ်ပျံသန်းပြသခဲ့သည်။

ယင်းတွင် အစိပ်အပိုင်း သုံးပိုင်းပါရှိပြီး၊ သီးခြားဒေါင်လိုက်ပျံတက်ဆင်းသက်နိုင်သော အစိတ်အပိုင်း၊ စမတ်ထိန်းချုပ်မောင်းနှင်ခန်းနှင့် အလိုအလျောက်မောင်းနှင်သည့်ကား ဟူ၍ ဖြစ်သည်။

စမ်းသပ်ပျံသန်းမှုများနှင့် စစ်ဆေးမှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး၊ သတ်မှတ်ချက်များနှင့်ညီညွတ်၍ သက်ဆိုင်ရာမှ ခွင့်ပြုချက်ရပါက အများအပြားထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Ref: Prototype of world’s first manned two-seat detachable flying car unveiled


LEAVE A REPLY

Please enter your comment!
Please enter your name here