မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားရန် နစက ဥက္ကဋ္ဌနှင့် အိန္ဒိယနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးအတွင်းဝန်တို့ဆွေးနွေး

0
267

နစက ဥက္ကဋ္ဌနှင့် အိန္ဒိယနိုင်ငံ၊ပြည်ပရေးရာဝန်ကြီး ဌာန၊နိုင်ငံခြားရေးအတွင်းဝန် H. E. Mr. Vinay Mohan Kwatra တို့ နိုဝင်ဘာ ၂၂ ရက်(ယနေ့)နေ့လည်ပိုင်းက ဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌမှ အိန္ဒိယနိုင်ငံ၊ပြည်ပရေးရာဝန်ကြီး ဌာန၊နိုင်ငံခြားရေးအတွင်းဝန် H. E. Mr. Vinay Mohan Kwatra အား နေပြည်တော်၌ လက်ခံတွေ့ ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့်တည်ငြိမ်အေး ချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ကာကွယ် ရေးပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊နှစ်နိုင်ငံဆက်ဆံရေးများ ပိုမိုမြှင့်တင်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် စိုက်ပျိုးရေးနည်းပညာများ မြှင့်တင်ရေး အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့်ကုန် သွယ်မှုမြှင့်တင်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများ၊ကုလားတန်မြစ် ကြောင်းစီမံကိန်းဆောင်ရွက်လျက်ရှိမှုနှင့်ပင် လယ်ရေကြောင်း တိုက်ရိုက်ကုန်သွယ်ရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုမြှင့်တင်ဆောင် ရွက်မည့်အခြေအနေများ၊ကုန်သွယ်မှုလုပ်ငန်းများတွင် နှစ်နိုင်ငံငွေကြေးများဖြစ်သည့် ရူပီးနှင့်ကျပ်ငွေတို့ကို တိုက်ရိုက်ပေးချေနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။ 

နစက ဥက္ကဋ္ဌမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့၍ ဖွဲ့ စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နစက အနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ရမှုနှင့်ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ နစက တွဲဖက် အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ပြည်ပရေးရာဝန်ကြီး ဌာန၊နိုင်ငံခြားရေးအတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးလည်း တက်ရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here