မြန်မာဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေကို တချို့ သရုပ်ဆောင်တွေက လေးစားခြင်းမရှိဘူးလို့ Miniso ရဲ့ ဂုဏ်ပြုပွဲမှာ ဒါရိုက်တာစင်ရော်မောင်မောင် ဖွင့်ဟ

0
156

zaw_5896-copy

Miniso ကြော်ငြာကို အောင် မြင်စွာ ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်၊ သရုပ်ဆောင် ဝါဆိုမိုးဦး၊ သန္တာဗို တို့ကို Miniso  ကုမ္ပဏီ မိသားစုမှ ဂုဏ်ပြုပွဲနဲ့ စာ နယ်ဇင်းရှင်းလင်းပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီ ခွဲက နိုဗို တယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီ ပွဲမှာ Ever Green Area (EVA) International Trading Co.,Ltd  ရဲ့ မန်းနေးဂျင်းဒါရိုက်တာကိုမြသန်း ဌေးက ကျေးဇူးတင်စကား ပြော ကြားခဲ့ပြီး ကူညီပေးခဲ့ကြတဲ့ အနု ပညာရှင်များနဲ့ ကူညီပေးကြတဲ့ ပုဂ္ဂိုလ်များအား ဂုဏ်ပြုပန်းစည်းများ ပေးအပ်ခဲ့ပါတယ်။  ဒီပွဲနဲ့ပတ်သက်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင် က..

zaw_5935-copy

“ဒီနေ့ပွဲကMiniso  ကြော်ငြာ ရိုက်ကူးရေးရယ်Miniso  တစ်နိုင်ငံ လုံးအတွက် အခမ်းအနား ဖွင့်ပွဲလုပ် တဲ့ အချိန်မှာ ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေး   ရောက်မလာ ဘူး။ အဲဒီအ ချိန်မှာ နေ့ခင်း ၃ နာရီလောက်ထိ ကြော်ငြာရိုက်ကူးရေး ရပ်သွားတဲ့ အချိန်မှာ ကူညီပေးခဲ့တဲ့ ဝါဆိုမိုးဦးနဲ့ သန္တာဗိုတို့ကို ကျေးဇူးတအားတင် တယ်။ ကုမ္ပဏီကလည်း ကျေးဇူးတင် လို့ခုလိုဂုဏ်ပြုပွဲလုပ်တာပါ။ ဒုတိယ တစ်ချက်ကတော့အဲဒီနေ့ဖွင့်ပွဲမှာ ကူ ညီပေးခဲ့တဲ့အနုပညာရှင်တွေ၊ ဝိုင်းဝန်း ဆောင်ရွက်ပေး တဲ့လူတွေကို ဂုဏ်ပြု ပွဲ လုပ်တာပေါ့။ တတိယ အချက်က တော့ ဥပဒေအရအရေးယူမယ် ဆိုပြီး ဘာလို့အရေးမယူခဲ့လဲဆိုတဲ့ အကြောင်း ရှင်းလင်းတာပါ။  ၈ နာရီမှာ ဖွင့်ပွဲလည်း ရောက်မလာ ဘူး။ ကြော်ငြာရိုက်ကွင်းလည်း ရောက် မလာဘူး။ ဖွင့်ပွဲက သိန်းရာနဲ့ ချီကုန်တာပေါ့လေ။ ကြော်ငြာက တော့ ပစ္စည်းငှားထား တာရော သိန်း ၂ဝ ဖိုးလောက်ရှိတယ်။ ကျွန်တော်တို့ ဘာဆက်လုပ်ရမှန်းမသိဘူး ဖြစ်သွား တယ်။ တစ်နာရီလောက်မှာ ဆုံးဖြတ် ပြီး ညနေ၅ နာရီမှာ စရိုက်ကူး တယ်။ ဆုံးရှုံးမှုတော့ တော်တော် ကြီးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပန်းတိုင်ကို အခုလိုရောက်အောင်သွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရုပ်ရှင် အစည်း အရုံးနဲ့ အရေးယူမယ်ဆိုပြီး ရုပ်ရှင်အ စည်းအရုံးကိုတင်တယ်။ ရုပ်ရှင်အ စည်းအရုံး ဥက္ကဋ္ဌ ကိုလူမင်းက ညှိ နှိုင်းပေးတယ်။ ဖြစ်ပြီး ၃၊ ၄ ရက်နေ တော့ ည ၈နာရီ အစည်းအရုံးမှာ ဖွေးဖွေးမိသားစုက တောင်းပန်ဖို့လုပ် ပါမယ်။ ဦးမောင် မီဒီယာခေါ် မလာခဲ့ပါနဲ့ဆိုတော့ ကျွန်တော်နဲ့ Miniso  ပိုင်ရှင်နဲ့ စောင့်တယ်လေ။

zaw_5939-copy

ဒါပေမဲ့ အချိန်နီးလာတဲ့ အချိန်မှာ ဖွေးဖွေးမပါဘဲ သူ့အဖေပဲလာ မယ် ဆိုလို့ ကျွန်တော်တို့ လက်မခံခဲ့ဘူး။ ဥပဒေအရ ဆက်လုပ်ဖို့ ကျွန်တော့်ရဲ့ လူကြီးမိဘတွေက တားပါတယ်။ ကလေးငယ်ပါတယ်။ ခွင့်လွှတ်ပါ ဆက်မလုပ်ပါနဲ့ပေါ့။ နောက် ကျွန် တော့်သားကလည်း ကျွန်တော့် ကို တားတယ်။ အဓိကတော့ ကုမ္ပဏီက ပေါ့။ ကုမ္ပဏီရဲ့ Image အရ ပေး ထားတဲ့ စရန်ကို သူတို့ဘက်က ပြန် လာပေးပေး၊ မပေးပေး ကျွန်တော် တို့ဘက်က သွားရောက် တောင်းဆို ခြင်း မပြုတော့ဘူး။ အဲဒီအတွက် အရေးယူဖို့ လည်း ကုမ္ပဏီရဲ့ Image အရ ဆက်မလုပ်ချင်တော့ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ သွားတော့ မယ်။ ဖြစ်သမျှကိစ္စ အဆုံးခံလိုက် တော့မယ်။ ဒါပေမဲ့ ဒီလုပ်ငန်းနဲ့ ကြော်ငြာကို အောင်မြင် အောင်ဆက် လုပ်မယ်။ အသစ်တွေလည်း ဆက် ရိုက်ကူးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ရဲ့ ကုန်ကျစရိတ်ေ တွ၊ ဆုံးရှုံးမှုတွေကိုလည်း ကုမ္ပဏီက ဝင်ပြီးတော့ ဖြေရှင်းပေးတယ်။ ဒီလို ဖြစ်စဉ်တွေဖြစ်လာတော့ ဒါနဲ့ ပတ် သက်ပြီး ဆက်လုပ်ဖို့ အစီအစဉ် မရှိတော့ဘူး လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော် ဝမ်းနည်းတာပေါ့။ နောက် ၂ ရက် လောက် အကြာမှာ နိုင်ငံခြားအဖွဲ့နဲ့ (ယိုးဒယားအဖွဲ့) နဲ့ရိုက်ကူးတာ မနက်၈ နာရီေ လာက် မှာ ဖွေးဖွေးတို့ ရိုက်ကွင်းရောက်လာ တယ်။ အဆင်ပြေပြေ ရိုက်ကူးသွား တယ်လို့ သိရတယ်။ ကျွန်တော်တို့ မြန်မာဒါရိုက်တာတွေကျတော့ ဝမ်းနည်း ဖို့ ကောင်းတယ်။ ကျွန်တော် ကလည်း ဝါရင့်ဒါရိုက်တာပဲ။ ရို သေလေးစားခြင်း မခံရဘူး။ သူတို့ လာချင်လာတယ်၊ မလာချင်မလာ ဘူး။ ဖျက်ချင်ဖျက်တယ်။ တချို့ သရုပ်ဆောင် တွေဆိုရင် ၁၁ နာရီ၊ ၁၂ နာရီလောက်မှလာတယ်။ ကျွန် တော်တို့ မြန်မာဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေကို သရုပ်ဆောင် တွေဘက်က လေး စားခြင်း မရှိဘူး။ သရုပ်ဆောင်တိုင်း မဟုတ်ဘူး။ ကျွန် တော့်ရိုက်ကွင်းကို ၈ နာရီ အ ရောက်လာခဲ့တဲ့ ကိုခန့်စည်သူ၊ ကိုပြေတီဦး၊ ကျော်ဟိန်းဆို ၇ နာရီ လာ တယ်။ ကိုနေအောင် တို့၊ ဦးညွန့် ဝင်းတို့ဆိုတာ အချိန်တအား တိကျ တယ်။ အိန္ဒြာကျော်ဇင် တအား အချိန်တိကျတယ်။ အဲဒီလိုလူမျိုး တွေလည်း ရှိပါတယ်။ တချို့ အနု ပညာရှင်က အဲဒီလိုဆက်ဆံတာ တအား ဝမ်းနည်းဖို့ကောင်းတယ်။ ကိုယ့်နိုင်ငံက ဒါရိုက်တာတွေ၊ ထုတ် လုပ်သူတွေ၊ စက်မှု ဝန်ထမ်းတွေကို မလေးစားတော့ဘူး လား။ မယုံကြည် တော့ဘူးလား။ အဲဒီလို နှိမ့်ချပြီး ဆက်ဆံလား ဆိုတဲ့ ခံစားမှုရှိတယ်။ ဒါပေမဲ့ ဘက်စုံအခြေအနေ အ ကြောင်းကြောင်း ကြောင့်ရပ်လိုက် ရတယ်။စိတ်တောင်မကောင်း ဘူး” လို့ ရင်ဖွင့် ပြောကြားခဲ့ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here