မန္တလေးတိုင်းအတွင်း၌ လုပ်ကြံသတ်ဖြတ်မှုများနှင့်ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြသည့် Generation Z Power အဖွဲ့ဝင် ၄ ဦးအားဖမ်းဆီးရမိခဲ့

0
301

မန္တလေးတိုင်းအတွင်း၌ လုပ်ကြံသတ်ဖြတ်မှုများနှင့်ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြသည့် Generation Z Power အဖွဲ့ဝင် ၄ ဦးအား လုံခြုံရေးအဖွဲ့ဝင်များက နိုဝင်ဘာ ၂၁ ရက်(ယနေ့)နေ့လည်ပိုင်းတွင် ပစ်ခတ်ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

မန္တလေးတိုင်းအတွင်း၌ လုပ်ကြံသတ်ဖြတ်မှုများနှင့်ဖောက်ခွဲမှုပြုလုပ်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် နေ့လည် ၁ နာရီ ၄၀ မိနစ်ခန့်တွင် ပုသိမ် ကြီးမြို့နယ်၊မြို့မရပ်ကွက်၊ ၁၉ လမ်းတွင် Generation Z Power အဖွဲ့ဝင်များရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေစဥ် ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်းပေါ်ရှိ အဆုတ်ရောဂါကုသရေးဆေးရုံအနီး၌ Generation Z Power အဖွဲ့ဝင် ၄ ဦးသည် ဆိုင်ကယ်မောင်းနှင်လာသည့် မောင်ဝင်းပြည့်စိုး အားသေနတ်ဖြင့်ပစ်သတ်၍ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက လိုက်လံပစ်ခတ်ဖမ်းဆီးရာ အပြန်အလှန်ပစ် ခတ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်၌ Generation Z Power အဖွဲ့၏ ဒု-အဖွဲ့ခေါင်းဆောင် ကျွဲကြီး(ခ)သက်နိုင်ထွန်း(ခ)သက်နိုင်၊ဘဏ္ဍာရေးတာဝန်ခံအကြီးကောင်(ခ)မိုးကိုအဖွဲ့ဝင်များဖြစ်သည့် ဇေယျာနှင့်ကျော်စွာလင်း တို့အား ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သည်။

Generation Z Power အဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၈ ရက်နံနက် ၁၁ နာရီခန့်က မဟာအောင်မြေမြို့ နယ်၊ရတနာဘုမ္မိအနောက်ရပ်ကွက်၊ ၃၅လမ်း၊ ၈၅/၈၆လမ်းကြားရှိ ညောင်ပင်ရင်းတွင် ဗုံးဖောက်ခွဲမှုကြောင့် ဦးဝင်းကိုကို(၆ဝ)နှစ်သေဆုံးကာ ကားတစ်စီးပျက်စီးခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်နံနက် ၁၁ နာရီခန့်တွင်လည်း မဟာအောင်မြေမြို့နယ်၊သံလျှက်မှော်အနောက်ရပ်ကွက်နေ ရာအိမ်မှူးဦးထွန်းမြင့်အေး အားသေ နတ်ဖြင့်ပစ်သတ်ခဲ့ကြသည်။

ထို့ပြင် နိုဝင်ဘာ ၂၀ ရက်ညနေ ၅ နာရီခန့်တွင်လည်း ပုသိမ်ကြီးမြို့နယ်၊ရေထွက်ကျေးရွာ၏ ရာအိမ်မှူးဦးမြင့်ဆွေအား သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး နံက် ၈ နာရီတွင် မဟာအောင်မြေမြို့နယ်၊ဟေမမာ လာမြောက်ရပ်ကွက်နေ ဦးကျော်ဇင်ထက်အား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ပြစ်မှုများအားကျူး လွန်ခဲ့သူများဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here