မြန်မာအစိုးရမှ သီရိလင်္ကာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ သန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများလွှဲပြောင်းပေးအပ်လှူဒါန်း

0
344

မြန်မာနိုင်ငံ၊ကျန်းမာရေးဝန်ကြီးဌာနနှင့်မြန်မာနိုင် ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ သီရိလင်္ကာနိုင်ငံအစိုးရသို့ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ သန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို နိုဝင်ဘာ ၂၁ ရက်က ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာနရုံး၌ လွှဲပြောင်းပေးအပ်ခဲ့သည်။

အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ သန်းကျော်တန် ဖိုးရှိ အိမ်သုံးဆေးဝါးများ၊ခွေးရူးပြန်ရောဂါကာ ကွယ်ဆေးများ၊ပဋိဇီဝဆေးများ၊နာတာရှည်ရော ဂါဆိုင်ရာဆေးဝါးများ၊ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကိုလှူ ဒါန်းခဲ့ခြင်းဖြစ်သည်။

” ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂ ရက်မှာလည်း နစက ဥက္ကဋ္ဌရဲ့ဦးဆောင်လမ်းညွှန်မှုနဲ့ မြန်မာနိုင်ငံက သီရိလင်္ကာနိုင်ငံကို ဆန်တန်ချိန် ၁၀၀၀ ကိုလှူဒါန်းခဲ့ပါတယ် မိတ်ဆွေနိုင်ငံအခက်အခဲဖြစ်ပေါ် နေချိန်မှာ “Sharing is caring”(“မျှဝေခြင်းသည် ဂရုစိုက်ခြင်းဖြစ်သည်”)ဆိုတဲ့ စကားနဲ့အညီ မြန်မာနိုင်ငံအစိုးရက လှူဒါန်းခြင်းဖြစ်ပါတယ်”ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးကလည်း ကျေးဇူးတင်စကားပြောကြားရာတွင် ယ နေ့ကူညီမှုများသည် မြန်မာနိုင်ငံ၏ ပထမဆုံး အကြိမ်ကူညီမှုများမဟုတ်ဘဲ ၂၀၁၇ ခုနှစ် သီရိလင်္ကာနိုင်ငံတွင် ရေဘေးကြုံတွေ့ရသည့် အချိန်တွင်လည်း ဆန်တန်ချိန် ၃၀၀ လှူဒါန်းပေးခဲ့ကာ ယခုနှစ် စက်တင်ဘာ ၂ ရက်ကလည်း ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းပေးခဲ့သည်ဟု ပြောသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လှူဒါန်းပစ္စည်းများနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို သီရိလင်္ကာသံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး သီရိလင်္ကာသံအမတ်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here