မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုလသမဂ္ဂနှင့်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အပါအဝင် ဒေသဆိုင်ရာနှင့်နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်

0
372

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ နိုဝင်ဘာ ၂၁ ရက်နံနက် ၁၁ နာရီက အိန္ဒိယနိုင်ငံ၊ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာဗီနေးမိုဟန်ကွာထရာ အားလက်ခံတွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရေး၊ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နှစ်နိုင်ငံကြား ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကုလသမဂ္ဂနှင့်ရှန်ဟိုင်းပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့အပါအဝင် ဒေသဆိုင်ရာနှင့်နိုင်ငံ တကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန်နှင့်နှစ်နိုင်ငံ အကျိုးတူကိစ္စရပ် များကိုဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီးအိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှတွဲဖက်အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Photo Credit – India in Myanmar(Embassy of India, Yangon )


LEAVE A REPLY

Please enter your comment!
Please enter your name here