ပြင်သစ်အခြေစိုက်တွစ်တာအကြီးအကဲ နှုတ်ထွက်

0
158

ပါရီ၊နိုဝင်ဘာ ၂၁

ပြင်သစ်အခြေစိုက်တွစ်တာအကြီးအကဲ ဒါမီးယန်း ဗီယဲလ်သည် ပိုင်ရှင်အသစ်အီလွန်မတ်စ်လက်ထက်တွင် ထိပ်တန်းအမှုဆောင်များနှင့် များပြားလှသောအလုပ်ဖြုတ်မှုများကိုပြုလုပ်ခဲ့သည့် ဆိုရှယ်မီဒီယာပလက်ဖောင်း၏ တာဝန်ရှိသူအဖြစ်မှ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။

“အခုအရာအားလုံးပြီးဆုံးသွားပါပြီ” ဟု၎င်းက တွစ်တာတွင်ရေးသားခဲ့ပြီး ခုနနှစ်တာမျှ၎င်းဦးဆောင်ခဲ့ရသော ပြင်သစ်ဌာနခွဲမှဝန်ထမ်းများကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

၎င်းနှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သော်လည်း မည်သည့်အကြောင်းကြောင့်နှုတ်ထွက်သည်ဟူသော အကြောင်းပြချက်နှင့် မတ်စ်လက်ထက်မတိုင်ခင်နှင့်၎င်းလက်လွှဲယူသည့်အချိန်အထိ တွစ်တာ၏ပြင်သစ်ဌာနတွင် ဝန်ထမ်းမည်မျှရှိသည်ကိုလည်း ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

ပြင်သစ်ဥပဒေအရ ဝန်ထမ်းတစ်ဦး ကယခု ကဲ့သို့လွယ်လင့်တကူအလုပ်ထွက်နိုင်ခြင်းသည် ထူးခြားနေသဖြင့် အများက စိတ်ဝင်စားလျက်ရှိသည်။လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်ပါက ရက်သတ္တပတ်နှင့်တခါတရံ လချီ၍ကြာမြင့်တတ်ကြောင်းသိရှိရသည်။

တွစ်တာသည် ကမ္ဘာ့အကြွယ်ဝဆုံးပုဂ္ဂိုလ်၏ ဝယ်ယူမှုအပြီးတွင် အတက်အကျများ အလွန်များပြားခဲ့ပြီး ဝန်ထမ်းအင်အားလျှော့ချမှုများကိုလည်း ထက်ဝက်ခန့်ပမာဏအထိပြုလုပ်ခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here