ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ် ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၂၁၀ ဦး ကော့သောင်းမြို့၌ပြန်လည်လွှဲပြောင်းပေး

0
206

ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ် ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၂၁၀ ဦးအား နိုဝင်ဘာ ၂၁ ရက်နေ့လည်ပိုင်းတွင် ထိုင်းနိုင်ငံတာ ဝန်ရှိသူများက ကော့သောင်းမြို့၌ ပြန်လည်လွှဲ ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် မြန်မာနိုင် ငံသားများအနက် ပြစ်ဒဏ်ကျခံရခြင်းမရှိဘဲ နေ ရပ်ပြန်လိုသူများလည်းပါဝင်ကာ ထိုင်းနိုင်ငံ၊ရနောင်းနယ်စပ်ဂိတ်မှတဆင့် စက်လှေများဖြင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာခဲ့ကြခြင်းဖြစ် သည်။

အမျိုးသား ၁၇၀ ဦးနှင့်အမျိုးသမီး ၄၀ ဦး(စုစု ပေါင်း ၂၁၀ ဦး)ဖြစ်ကာ ကော့သောင်းမြို့မှတာ ဝန်ရှိသူများနှင့်ဌာနဆိုင်ရာအဖွဲ့အစည်းများက ကိုဗစ်(၁၉)ရောဂါစစ်ဆေးခြင်း၊မြန်မာနိုင်ငံသား ဟုတ်/မဟုတ်စစ်ဆေးခြင်း၊မူးယစ်ဆေးဝါးသယ် ဆောင်လာခြင်းရှိ/မရှိ တို့အားစစ်ဆေးခဲ့ကြသည်။

ထို့ပြင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းများက အစားအသောက်နှင့်ကျန်းမာ ရေးသုံးပစ္စည်းများအား ထောက်ပံ့ကူညီပေးခဲ့ကြသည်။

ပြန်လည်ဝင်ရောက်လာသူများအနက် ကော့သောင်းဒေသခံများအား ကော့သောင်းမြို့ရှိ Quarantine Center ၃ ခုတွင် အမျိုးသား၊အမျိုးသ မီးခွဲ၍ အသွားအလာ ၃ ရက်ကန့်သတ်စောင့်ကြည့်ပြီး ကိုဗစ်(၁၉)ရောဂါပိုးမရှိမှသာ နေအိမ်များသို့ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်  သည်။

အခြား တိုင်းနှင့်ပြည်နယ်အသီးသီး၌ နေထိုင်သူ များကိုမူ ၎င်းတို့၏နေရပ်များသို့ ကားများဖြင့်ပြန်လည်ပို့ဆောင်ပေးရန် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here