အင်ဒိုမြေငလျင်ကြောင့် သေဆုံးသူ ၁၆၂ ဦးအထိရှိလာ

0
244

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားခရိုင်တွင် တနင်္လာနေ့က လှုပ်ရှားခဲ့သော ရစ်ခတာစကေး ၅ ဒသမ ၆ အင်အားရှိ မြေငလျင်ကြောင့် သေဆုံးသူဦးရေမှာ လက်ရှိအချိန်အထိ ၁၆၂ ဦးခန့်ရှိပြီဟု သိရကြောင်း အနောက်ဂျာဗားခရိုင် အုပ်ချုပ်ရေးမှူး ရစ်ဒဝန်ကာမီးလ်က အင်စတာဂရမ်တွင် အတည်ပြုသတင်းထုတ်ပြန်သည်။

မြေငလျင်ဗဟိုချက်မှာ အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျာကာတာမှ အရှေ့တောင်ဖက် ၇၅ ကီလိုမီတာအကွာရှိ၊ Cianjur မြို့အနီးတွင်ဖြစ်ပြီး၊ အဆိုပါဒေသတွင် လူဦးရေ ၂ ဒသမ ၅ သန်းခန့်နေထိုင်ကြသည်။

ကယ်ဆယ်ရေးလုပ်နေသူများသည် အပျက်အစီးများထဲတွင်ပိတ်မိနေသူ ၂၅ ဦးထက်မနည်းကို ရှာဖွေတွေ့ရှိထားကြောင်းနှင့် ညဖက်တွင်ပါ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ်ထိန်းသိမ်းကာကွယ်ရေးဌာနက တနင်္လာနေ့ညကပြောကြားသည်။

မြေငလျင်ကြောင့် အိမ်ခြေ ၂၂၀၀ ထက်မနည်း ပျက်စီးခဲ့ပြီး၊ လူဦးရေ ၅၃၀၀ကျော် မိမိတို့နေအိမ်များကို စွန့်ခွာခဲ့ရကြောင်း ယင်းဌာနကဆိုထားသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here