မလေးရှားနိုင်ငံ၌ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သည့် ချင်းတိုင်းရင်းသူ၏ ရုပ်အလောင်းအား မြန်မာ နိုင်ငံသို့ပြန်လည်ပို့ဆောင်မည်

0
476

မလေးရှားနိုင်ငံ၌ မိမိကိုယ်ကိုအဆုံးစီရင်၍ သေ ဆုံးခဲ့သည့် ချင်းတိုင်းရင်းသူ LAL HNEM SUNG & MI CHO(၃၇)နှစ်၏ ရုပ်အလောင်းအား နိုဝင် ဘာ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည်ပို့ ဆောင်ပေးသွားမည်ဟု မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

ချင်းတိုင်းရင်းသူ LAL HNEM SUNG & MI CHO သည် မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၌ အလုပ်လုပ်ကိုင်နေစဥ် နိုဝင်ဘာ ၁၈ ရက်က မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ရာမှ ကွာလာလမ်ပူမြို့ဆေးရုံကြီးတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

LAL HNEM SUNG & MI CHO သည် ချင်းပြည် နယ်၊ထန်တလန်မြို့နယ်၊ဟားခါးမြို့၊မှောင်တလန်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

၎င်း၏ ရုပ်အလောင်းအား မြန်မာနိုင်ငံသို့ပြန်ပို့ပေးရန် မိသားစုများက မြန်မာလူမှုကူညီရေးအ သင်း(မလေးရှား)ထံဆက်သွယ်၍ အကူအညီတောင်းခံခဲ့ကြသည်။

ထို့ကြောင့် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)က ဒေသဆိုင်ရာချင်းအမျိုးသားများ(CRC) ကွန်မြူနတီမိသားစုများနှင့်ပူးပေါင်း၍ နိုဝင်ဘာ ၂၂ ရက်မွန်းလွဲ ၂ နာရီတွင် persuaran kajang ၌ ဆုတောင်းပွဲပြုလုပ်၍ မလေးရှားလေကြောင်းခရီးစဥ်ဖြင့် ရန်ကုန်လေဆိပ်သို့ နိုဝင်ဘာ ၂၃ ရက်တွင် ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here