ယာယီဖွဲ့စည်းထားသည့် ရန်ကုန်စီးတီးတက္ကစီအသင်းအား တရားဝင်ဖွဲ့စည်းရန် အလုပ်အမှု ဆောင်ရွေးချယ်ပွဲပြုလုပ်မည်

0
313

ယာယီဖွဲ့စည်းထားသည့် ရန်ကုန်စီးတီးတက္ကစီအသင်းအား တရားဝင်ဖွဲ့စည်းရန် အလုပ်အမှုဆောင်ရွေးချယ်ပွဲအား ဒီဇင်ဘာ ၃ ရက်နံနက် ၈ နာရီ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။

“ယာယီဖွဲ့စည်းထားတဲ့ ရန်ကုန်စီးတီးတက္ကစီအသင်းကို တရားဝင်အဖွဲ့အစည်းတစ်ခုအဖြစ် အတည်ပြုဖွဲ့စည်းတည်ထောင်ဖို့ အလုပ်အမှုဆောင်ရွေးချယ်ပွဲပြုလုပ်သွားမှာဖြစ်ပါတယ်”ဟု YRTC ၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန် ကပြော သည်။

ရန်ကုန်စီးတီးတက္ကစီအသင်း(ယာယီ)အား ရန်ကုန် တိုင်းအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၁၂ ရက်ကစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် စီးတီးတက္ကစီယာဉ်များ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်အောင် ထိန်းသိမ်းနိုင်ရန်၊ခရီး သည်ပို့ဆောင်ခြင်းလုပ်ငန်းများကို ပိုမိုကောင်း မွန်စွာဝန်ဆောင်မှုပေးနိုင်ရန်နှင့်စီးတီးတက္ကစီယာဉ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အသင်းဝင်လိုသည့် စီးတီးတက္ကစီယာဥ်ပိုင်ရှင်များအနေဖြင့် ရန်ကုန်စီးတီးတက္ကစီအသင်း (ယာယီ)ရုံးတည်ရှိသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ၂၉ ရပ်ကွက်၊ ပင်လုံလမ်း၊ အမှတ် ၂၆ တွင်မှတ်ပုံတင်၍ လျှောက် ထားနိုင်ကြောင်း သိရသည်။

ထို့အတူ ကျင်းပမည့် အလုပ်အမှုဆောင်ရွေးချယ်ပွဲတွင်လည်း စီးတီးတက္ကစီယာဥ်ပိုင်ရှင်များအနေဖြင့် အလုပ်အမှုဆောင်အဖြစ် ဝင်ရောက်ရွေး ချယ်ခံနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here