ဂျပန်တွင် လူငယ်များသတ်သေမှုနှုန်း လျှော့ချနိုင်ရန်ရည်ရွယ်လျက် အိမ်သာသုံးစက္ကူများ၌ အားပေးစကားများရေးသားအသုံးပြု

0
321

တိုကျို၊နိုဝင်ဘာ ၂၁

ဂျပန်နိုင်ငံအလယ်ပိုင်းရှိအာဏာပိုင်များသည် မိမိကိုယ်ကိုအဆုံးစီရင်မှုများ လျော့ကျလာအောင် အထောက်အကူပြုနိုင်ရန်ရည်ရွယ်လျက် ထူးခြားသောနည်းလမ်းဖြင့်ချဉ်းကပ်သည့်အနေဖြင့် အိမ်သာသုံးစက္ကူများပေါ်တွင် အားပေးစကားများရေးသားကာ အသုံးပြုနိုင်ရန်ကြိုးပမ်းနေကြကြောင်းသိရှိရသည်။

အဆိုပါစက္ကူများပေါ်တွင် မိမိကိုယ်ကိုအဆုံးစီရင်နိုင်သူများအတွက် မလုပ်သင့်သည်ကိုမလုပ်ရန် အားပေးနှစ်သိမ့်ထားသည့်စာသားများကို ရေးသားထားသည်။ဂျပန်နိုင်ငံတွင်လည်း မိမိကိုယ်ကိုအဆုံးစီရင်မှုများသည် ရေရှည်ကြုံတွေ့နေရသောပြဿနာများဖြစ်နေပြီး အထူးသဖြင့်ကပ်ရောဂါကာလတွင် အခြားနိုင်ငံများကဲ့သို့ပင်မြင့်တက်လာခဲ့သည်။

ထိုသို့အဆုံးစီရင်သူများထဲတွင် လူငယ်များလည်းအများဆုံးပါဝင်ပြီး အခြေခံပညာမူလတန်း၊အလယ်တန်းနှင့်အထက်တန်းကျောင်းသားကျောင်းသူများ၏ အဆုံးစီရင်မှုသည် ၂၀၂၀ ပြည့်နှစ်တွင် ၄၉၉ ဦးအထိရှိခဲ့ပြီးစံချိန်သစ်တင်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရှိရသည်။

ယာမနာရှီမှ တာဝန်ရှိသူများကမူ ယခုကဲ့သို့အားပေးစကားများကိုရေးသားအသုံးပြုခြင်းနှင့် တိုင်ပင်ဆွေးနွေးနိုင်မည့် ဟော့လိုင်းနံပါတ်များကိုထည့်သွင်းပေးထားခြင်းသည် စိတ်ပိုင်းဆိုင်ရာအခက်အခဲရှိနေသော လူငယ်များအားသတိရှိရှိဖြင့် ထိထိရောက်ရောက်ကူညီနိုင်မည့်နည်းလမ်းအဖြစ် ထင်မြင်ယူဆကြသည်။

ယခုလှုပ်ရှားမှုအတွက် စာသားရိုက်နှိပ်ထားသော အိမ်သာသုံးစက္ကူအရွက်လိပ်ပေါင်း ၆,၀၀၀ အား တက္ကသိုလ် ၁၂ ခုသို့ဖြန့်ဝေခဲ့ကြောင်းလည်းသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here