အင်ဒို မြေငလျင်ကြောင့် သေဆုံးသူ ၂၅၂ ဦးအထိရှိလာ

0
178

အင်ဒိုနီးရှားနိုင်ငံတွင် နိုဝင်ဘာ ၂၁ ရက်က ရစ်ခတာစကေး ၅ ဒသမ ၆ အင်အားရှိ မြေငလျင်တစ်ခု လှုရှားခဲ့ခြင်းကြောင့် သေဆုံးသူ ၂၅၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ယနေ့ဖော်ပြသည်။

၎င်းတို့အဆိုအရ လူ ၃၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အနည်းဆုံး ၃၇၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းတွင် လူပေါင်း ၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။

မြေငလျင်ဗဟိုချက်မှာ အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျာကာတာမှ အရှေ့တောင်ဖက် ၇၅ ကီလိုမီတာအကွာရှိ၊ Cianjur မြို့အနီးတွင်ဖြစ်ပြီး၊ အဆိုပါဒေသတွင် လူဦးရေ ၂ ဒသမ ၅ သန်းခန့်နေထိုင်ကြသည်။  ဥရောပ-မြေထဲပင်လယ် ငလျင်ဗဟိုဌာန၏ အဆိုအရ မြေငလျင်၏ အရင်းအမြစ်သည် မြေမျက်နှာပြင်အောက် ၅ ကီလိုမီတာ အကွာတွင် ဖြစ်ကြောင်းသိရသည်။

ပစိဖိတ်မြစ်ဝှမ်းရှိ ပြတ်ရွေ့ကြောများကြောင့် အင်ဒိုနီးရှားတွင် ငလျင်များ၊ မီးတောင်ပေါက်ကွဲမှုနှင့် ဆူနာမီများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ၂၀၀၄ ခုနှစ်တွင် အင်အားပြင်း မြေငလျင်နှင့် ဆူနာမီကြောင့် လူပေါင်း ၂၃၀,၀၀၀ နီးပါး သေဆုံးခဲ့ရသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here