ထိုင်းတောင်ပိုင်းတွင် ကားဗုံးခွဲမှုကြောင့်လူတစ်ဦးသေဆုံးပြီး သုံးဆယ်နီးပါးဒဏ်ရာရ

0
241

ဘန်ကောက်၊နိုဝင်ဘာ ၂၂

ထိုင်းနိုင်ငံတောင်ပိုင်း၌ နိုဝင်ဘာ ၂၂ ရက်ညပိုင်းတွင် ရဲတပ်ဖွဲ့ဝင်းအတွင်း ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူတစ်ဦးသေဆုံးခဲ့ကြောင်း ရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်၌ ပေါက်ကွဲမှုမဖြစ်ပွားမီက ရဲတပ်ဖွဲ့ဝင်တစ်ဦးကဲ့သို့ဝတ်စားထားသည့် ဖောက်ခွဲရေးသမားတစ်ဦးသည် ရဲတပ်ဖွဲ့ဝင်းအတွင်း၌ ဖောက်ခွဲရေးပစ္စည်းများအပြည့်ပါသောကားကို ရပ်ထားခဲ့သည်ဟုပါရှိသည်။

“အခုဖြစ်စဉ်ကကားဗုံးခွဲတာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့နယ်မြေရှင်းလင်းရေးလုပ်နေတုန်းပါ၊ဒဏ်ရာရသူအရေအတွက်လဲတိုးလာနိုင်ပါတယ်” ဟု နာရသီဝပ်ပြည်နယ် ဒုတိယရဲမင်းကြီး နီတီဆက်ခ်ဆန် ကပြောကြားခဲ့ပြီး ယခုဖြစ်စဉ်ကြောင့် ရဲအရာရှိတစ်ဦးသေဆုံးသည်ဟုလည်းသိရှိရသည်။

အနည်းဆုံးလူပေါင်း ၂၉ ယောက်ခန့်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ထားကြောင်းနှင့် အဆိုပါဒဏ်ရာရသူများထဲတွင် ရဲများသာမက အရပ်သားများပါ ပါရှိကြောင်းလည်းသိရှိရသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း ယခုဖြစ်စဉ်အပေါ်အလွန် စိုးရိမ်မိပြီး ရဲတပ်ဖွဲ့များအပါအဝင် အခြားလုံခြုံရေးဆိုင်ရာဌာနများအနေဖြင့် အရပ်သားပြည်သူများလုံခြုံရေးအတွက် မပေါ့ဆကြရန်ညွှန်ကြားခဲ့သည်ဟုလည်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here