ကမ္ဘောဒီးယားသည် ယုံကြည်အားကိုးရသောမိတ်ဖက်ဖြစ်သည်ဟု ရုရှားပြောကြား

0
130

ရုရှားဖက်ဒရေးရှင်းကောင်စီ နိုင်ငံခြားရေးရာကော်မတီဥက္ကဌ Konstantin Kosachev က ရုရှား – ကမ္ဘောဒီးယား ဆက်ဆံရေးတွင် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသမိုင်းရှိခဲ့ခြင်းကြောင့် ရုရှားအနေဖြင့် ကမ္ဘောဒီးယားအား ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံအဖြစ်သဘောထားသည်ဟု ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၂ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၏ အထက်လွှတ်တော်ဒုတိယဥက္ကဌ မစ္စတာ Tep Ngorn နှင့်တွေ့ဆုံစဉ် မစ္စတာ Kosachev ကယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းနောက်၎င်းက ကမ္ဘောဒီးယား၏အောင်မြင်မှုများ၊စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများအတွက်လည်း ချီးကျူးဂုဏ်ပြုခဲ့သည်။ရုရှားအနေဖြင့်လည်း ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား စေလွှတ်ရန်အဆင်သင့်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ကုန်သွယ်ရေး၊စီးပွားရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်များတွင်လည်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရန်အတွက်လည်း နှစ်နိုင်ငံအစိုးရများနှင့်လွှတ်တော်များအား ၎င်းကအလေးအနက်ထားတောင်းဆိုခဲ့သည်ဟုသိရှိရသည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ဆွေးနွေးရာတွင် ကမ္ဘောဒီးယားအနေဖြင့် စေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်စေလိုကာ စစ်သည်အကျပ်အတည်း၏အဖြေမှန်မဟုတ်သောကြောင့် ငြိမ်းချမ်းသောနည်းဖြင့်အဖြေရှာရန် တွန်းအားပေးလိုသည်ဟုလည်း မစ္စတာ Ngorn ကအလေးထားပြောကြားခဲ့ကြောင်းသိရှိရသည်။

Source : Khmer times


LEAVE A REPLY

Please enter your comment!
Please enter your name here