၂ နှစ်ကြာရပ်နားထားသည့် ပြင်ဦးလွင်ပန်းပွဲတော်အား ဒီဇင်ဘာ ၁၅ ရက်မှစ၍ တစ်လကြာပြန် လည်ကျင်းပမည်

0
565

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဥ်တွင် နှစ်စဥ်ကျင်းပခဲ့ရာမှ ၂ နှစ်ကြာရပ်နားထားသည့် ပြင်ဦးလွင်ပန်းပွဲတော်အား ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၁၅ ရက်အထိ တစ်လကြာ ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။

ပြင်ဦးလွင်ပန်းပွဲတော်အား ၂၀၁၉ ခုနှစ်တွင် ၁၄ ကြိမ်မြောက်အဖြစ် နောက်ဆုံးကျင်းပခဲ့ပြီးနောက် ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ရပ်နားထားခဲ့ရသည်။

ထို့ကြောင့် ယခုနှစ်တွင် ပြင်ဦးလွင်ပန်းပွဲတော်အား နိုင်ငံတကာမှ နိုင်ငံခြားပန်းမျိုးစိတ်များ၊မြန် မာပြည်ရှိ ဒေသအသီးသီးမှ ပန်းမျိုးစိတ်များ၊ရှား ပါးဖိုးတန်ပန်းမျိုးစိတ်များကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်ပန်းပွဲတော်၌ ဈေးရောင်းပွဲတော်များ၊ ဒေသထွက်စားသောက်ကုန်များနှင့်အဝတ်အ ထည်များအား ရောင်းချပေးသွားမည်ဖြစ်ကာဖျော်ဖြေရေးအစီအစဥ်များဖြင့်လည်း စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here