နိုင်ငံခြားသားအလုပ်သမားကူညီထောက်ပံ့ရေးစင်တာများတွင် မြန်မာဝန်ထမ်းများပိုမိုခန့်ထားရန်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိဆွေးနွေးတောင်းဆို

0
166

ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိဦးပြည့်လင်းမှ ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားစေလွှတ်သည့် နိုင်ငံ (၁၆) နိုင်ငံမှ အလုပ်သမားသံအရာရှိများအစည်းအဝေးတွင် ဆွေးနွေးတောင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးအား HRD Korea မှ လက် ခံကျင်းပခဲ့ခြင်းဖြစ်ကာ ၁၆ နိုင်ငံမှ အလုပ်သမားသံအရာရှိများနှင့် HRD Korea မှ ဒု-ဥက္ကဋ္ဌ၊ညွှန်ကြားရေးမှူးချုပ်နှင့်ညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာအလုပ်သမားသံအရာရှိက EPS စနစ်အကောင်အထည်ဖော်မှု၊စာမေးပွဲဖြေဆိုအောင်မြင်မှုနှင့်တန်းစီဇယားကျန်ရှိမှု၊အလုပ်ရှင်မှ စာချုပ်ဖျက်သိမ်းခြင်းနှင့် CCVI သက် တမ်းကုန်ဆုံးခြင်းတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် လုပ်သားဦးရေတိုးမြှင့်စေလွှတ်ရေး၊နိုင်ငံ ခြားသားအလုပ်သမားကူညီထောက်ပံ့ရေးစင်တာများတွင် မြန်မာဝန်ထမ်းများပိုမိုခန့်ထားရန်၊ကိုရီးယားအလုပ်ရှင်များအားသင်တန်းပေးရန်နှင့်မြန် မာနိုင်ငံသားလုပ်သားများအတွက် ပိုမိုအကျိုးရှိနိုင်သည့် သင်တန်းများဖွင့်လှစ်ပေးရန်တို့ကိုလည်း ဆွေးနွေးတောင်းဆိုခဲ့ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း ပြည်ပအလုပ်သမား ၇၀၀၀၀ ကျော်ခေါ်ယူခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း ပြည်ပအလုပ်သမား ၁၁၀၀၀၀ ခန့် ခေါ်ယူသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here