အုတ်တွင်းမြို့နယ်တွင် ပင်စင်သွားရောက်ထုတ်ယူစဉ် Faw ကားဖြင့် တိုက်မိ၍ အသက်ကြီးပိုင်း အမျိုးသား ၂ ဦး ပွဲချင်းပြီးသေဆုံး

0
283

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် ယနေ့ (နို၀င်ဘာ ၂၃) နံနက် ၈ နာရီ ၃၅ မိနစ်ခန့်က ပင်စင်သွားရောက်ထုတ်ယူစဉ် Faw ကားဖြင့် တိုက်မိ၍ အသက်ကြီးပိုင်း အမျိုးသား ၂ ဦး ပွဲချင်းပြီးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့၊ ဘုရားလေးကျေးရွာမှ အသက် (၆၀) ၀န်းကျင်အရွယ်ရှိ ဦးတင်လှဆိုသူသည် ပင်စင်လစာထုတ်ယူရန် အုတ်တွင်းမြို့သို့ ဦးကျင်ထူး မောင်းနှင်သော ဆိုင်ကယ် ကယ်ရီဖြင့် လာရောက်စဉ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် Petro-K ဆီဆိုင်အနီးတွင် အနောက်မှ FAW ကား တက်ကြိတ်မိပြီး နေရာတွင်ပင် နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးခဲ့သည်။

” ပင်စင်သွားထုတ်ရင်းနဲ့ ဖြစ်သွားတာ နေရာမှာပဲ ပွဲချင်းပြီးပေါ့၊ ယာဉ်မောင်းကိုတော့ ရဲက ဖမ်းသွားပါပြီ” ဟု ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း အုတ်တွင်းမြို့မှ တာ၀န်ရှိသူတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် Dead Body များအားအုတ်တွင်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကာ မိသားစုနှင့် ဆက်သွယ်လျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here