အဂတိလိုက်စားမှုပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အ တူ ASEAN-PAC နားလည်မှုစာချွန်လွှာအား မြန် မာနိုင်ငံမှလက်မှတ်ရေးထိုး

0
125

ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့၊ Hyatt Regency Phnom Penh ဟိုတယ်၌ အာဆီယံအဂတိလိုက် စားမှုတိုက်ဖျက်ရေးအဖွဲ့(ASEAN Parties Against Corruption_ ASEAN-PAC)၏ (၁၈) ကြိမ်မြောက်အကြီးအမှူးများအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်ကကျင်းပရာ မြန်မာနိုင်ငံအဂ တိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးသန်းဆွေတက်ရောက်၍ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ASEAN-PAC အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့(Anti-Corruption Unit-ACU) ဥက္ကဋ္ဌ H.E. Kittinitikosalbindit Om Yentieng က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ASEAN- PAC နားလည်မှုစာချွန်လွှာ(Memorandum of Understanding-MoU) အား လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးသန်းဆွေမှ ကမ္ဘောဒီးယားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့(ACU) ဥက္ကဋ္ဌ၊ Senior Minister ၊ H.E. Kittinitikosalbindit Om Yentieng နှင့်တွေ့ဆုံကာ နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စများကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာ ချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြသည်။

နားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံကြား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ သ တင်းအချက်အလက်များဖလှယ်ရန်၊အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များဖြစ်သည့် စစ်တမ်းကောက်ယူခြင်း၊အဂတိလိုက် စားနိုင်ခြေအန္တရာယ်ရှိမှုဆန်းစစ်ခြင်း၊ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ခြင်းနှင့်နည်းပညာအ ထောက်အကူပြုကျွမ်းကျင်သင်တန်းများဖွင့်လှစ်ရေးတို့ကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here