ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမတွင် ယာဉ် (၁)စီး အရှိန်လွန်တိမ်းမှောက်မှု‌ကြောင့် (၃) ဦးသေ (၂) ဦးဒဏ်ရာရ

0
390

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီးတွင် ယနေ့ (နို၀င်ဘာ ၂၃)နေ့လည်ပိုင်းက ယာဉ် (၁)စီး အရှိန်လွန်တိမ်းမှောက်မှု‌ကြောင့် (၃) ဦိးသေ (၂) ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန့်ခန့်ကညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၇/၅)အနီးတွင် ယာဉ် (၁)စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” အရှိန်လွန်ပြီးမှောက်တာလို့ သိရတယ်၊ ကားပေါ်ပါသူတွေစိုးရိမ်ရတဲ့ အနေအထားပါ၊ ကားကတော့ တော်တော်ပျက်စီးသွားတယ်” ဟု ကယ်ဆယ်ရေးတွင် ပါ၀င်ခံသူတစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား (၁)ဦး၊ မ(၄)ဦး စုစုပေါင်း(၅)ဦးအနက် မ(၃)ဦး(သေဆုံး)ခဲ့ပြီး၊ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရတို့အား တောင်ဇင်းမေတ္တာရှင် လူမှုကူညီရေးအသင်း၊ Bagan Rescue အသင်းနှင့် အမှတ်(၅)အရန်မီးသတ်တို့မှ သူနာတင်ယာဉ်များဖြင့် ညောင်ဦးမြို့နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here