ဗာဂျီးနီးယားပြည်နယ် Walmart ကုန်တိုက်တွင် သေနတ်ပစ်မှုဖြစ်ပွားရာ လူ ၆ ဦးထက်မနည်း သေဆုံး

0
215

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ် Chesapeake ရှိ Walmart ကုန်တိုက်တွင် ဒေသစံတော်ချိန် အင်္ဂါနေ့ညက အစုလိုက်အပြုံလိုက် သေနတ်ပစ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သေနတ်သမားအပါအဝင် လူ ၆ ဦးထက်မနည်းသေဆုံးကြောင်း တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့ စောစောပိုင်းတွင် ပြောကြားသည်။

ဒဏ်ရာရရှိသူများအနက် ၅ ဦးကို Sentara အထွေထွေဆေးရုံတွင် ကုပေးလျှက်ရှိပြီး၊ လူနာများ၏အခြေအနေအသေးစိပ်ကို မသိရသေးချေ။

သေနတ်သမားသည် ဝန်ထမ်းများအနားယူသည့် အခန်းတွင်းဝယ် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ သူ့ကိုယ်သူလည်း သေနတ်ဖြင့် ပြန်လည်ပစ်ကာ သတ်သေခဲ့သည်ဟု ယုံကြည်ယူဆရကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

ယခုသေနတ်ပစ်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမျှ သေဆုံးခြင်းမရှိကြောင်း သိရသည်။

Source: At least 6 people were killed in a shooting at a Walmart in Virginia, officials say. The shooter is also dead(CNN)


LEAVE A REPLY

Please enter your comment!
Please enter your name here