အခွန်ရှောင်တိမ်းသူများအား အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရအပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ ထပ်မံတရားစွဲဆိုမည်

0
509

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ရှောင်ရှားခြင်း၊အခွန်လျော့နည်းပေးဆောင်ခြင်း၊အခွန်ဆိုင်ရာသတင်းအချက်အလက်များလွဲမှားဖော်ပြခြင်းနှင့်အခွန်တိမ်းရှောင်ခြင်းတို့နှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်အမှတ် (၃/၂၀၂၂)အား နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်သည် ၂၀၂၃ ခုနှစ်၊ဇန်နဝါ ရီ ၁ ရက်တွင် စတင်သက်ရောက်မည်ဖြစ်ကာ ပြည်သူများ သတိပြုလေ့လာနိုင်စေရန် ၂၀၂၂ ခုနှစ်၊နိုဝင်ဘာ ၁၉ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် ထုတ်ဝေခဲ့သည့် နိုင်ငံပိုင်သတင်းစာ‌များ၌ အသိပေးထည့်သွင်းကြေညာခဲ့ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ အခွန်ရှောင် ရှားခြင်း၊အခွန်လျော့နည်းပေးဆောင်ခြင်း၊အခွန်ဆိုင်ရာသတင်းအချက်အလက်များလွဲမှားဖော်ပြခြင်းနှင့်အခွန်တိမ်းရှောင်ခြင်းတို့နဲ့ပတ် သက်ပြီး အရေးယူဆောင်ရွက်မယ့်ကိစ္စတွေကို ထုတ်ပြန်ခဲ့ပါတယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အများပြည်သူသိရှိလိုက်နာရန် သတ်မှတ်ချက်အမှတ်(၃/၂၀၂၂)၌ အခွန်ရှောင်ရှားခြင်းဆိုသည့် ဆောင်ရွက်ချက်တွင် ပါဝင်သည်ဟုသတ်မှတ်သည့် ကိစ္စရပ်များ၊ ပေါ့ဆမှုဖြင့်(သို့)မရိုးဖြောင့်သည့်ရည်ရွယ်ချက်ဖြင့် အခွန်လျော့နည်းပေးဆောင်ခြင်းဆိုသည့် ဆောင်ရွက်ချက်၌ပါဝင်သည်ဟု သတ်မှတ်သည့်ကိစ္စများ၊ အခွန်ဆိုင်ရာသတင်းအချက်အလက်များကို မှားယွင်းစွာ(သို့)လွဲမှားစွာဖော်ပြခြင်းဆိုသည့် ဆောင်ရွက်ချက်များ၌ ပါဝင်သည်ဟု သတ်မှတ်သည့်ကိစ္စရပ်များ၊အခွန်ရှောင် တိမ်းမှုမြောက်သည့် ကျူးလွန်မှုများအဖြစ်သတ် မှတ်သည့် ဆောင်ရွက်မှုများကို နမူနာဖြစ်စဥ်များနှင့်တကွရှင်းလင်းဖော်ပြထားကြောင်း သိရသည်။

“အခွန်ရှောင်တိမ်းမှုကိုကျူးလွန်တဲ့သူတွေဟာ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရအရေးယူခံရမယ့်အပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပ ဒေအရလည်း ထပ်မံတရားစွဲဆိုခံရပါမယ် ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ဘယ်လိုဆောင်ရွက်မှုတွေဟာ အခွန်ရှောင်တိမ်းမှုမြောက်တဲ့ကျူးလွန်မှုတွေဖြစ်တယ်ဆိုတာကို ပြည့်ပြည့်စုံစုံလေ့လာသိရှိထားဖို့လိုအပ်ပါတယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် အခွန်ထမ်းများ အခွန်ထမ်းမဖြစ်သေးသည့် အများပြည်သူများသည် အခွန်ရှောင်ရှားခြင်း၊အခွန်လျော့နည်းပေးဆောင်ခြင်း၊အခွန်ဆိုင် ရာသတင်းအချက်အလက်များလွဲမှားဖော်ပြခြင်းနှင့်အခွန်တိမ်းရှောင်ခြင်း စကားရပ်များနှင့်ယင်း ဆောင်ရွက်ချက်များအပေါ် အရေးယူမည့် ကိစ္စများအား ပြည့်စုံစွာသိရှိနားလည်ထားရန် လိုအပ်ကြောင်း သိရသည်။

အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်အမှတ်(၃/၂၀၂၂)အား ပြည့်စုံစွာသိနိုင်ရန် ပြည် တွင်းအခွန်များဦးစီးဌာန၏ Websites ဖြစ်သည့် www.ird.gov.mm တွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here