အင်ဒိုငလျင်‌ကြောင့် အဆောက်အအုံအပျက်အစီးများအောက် ပိတ်မိနေသောကလေးငယ်အား ၄၅ နာရီကြာပြီး‌နောက်ကယ်တင်နိုင်ခဲ့

0
296

ဂျီရန်ဂျူး၊နိုဝင်ဘာ ၂၃

အင်ဒိုနီးရှားနိုင်ငံတွင် ငလျင်ဒဏ်ကြောင့်အိမ်ပြိုကျသွားရာမှ အပျက်အစီးများအောက်၌ပိတ်မိနေသော ငါးနှစ်အရွယ်ကလေးငယ်အား ၄၅ နာရီကြာပြီးနောက် မီးသတ်သမားများက ကယ်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။

တနင်္လာနေ့ကလှုပ်ခတ်ခဲ့‌သောအဆိုပါငလျင်သည် ၅ ဒသမ ၆ ရစ်ခ်တာစကေးရှိပြီး လူပေါင်း ၂၇၁ ဦးသေဆုံးကာ ၁၅၁ ယောက်ပျောက်ဆုံးနေကြောင်းသိရှိရသည်။ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်နေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂,၀၀၀ နီးပါးရှိသည်ဟုဖော်ပြထားသည်။

အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သူ ငါးနှစ်အရွယ်ကလေးငယ်သည် Azka အမည်ရှိပြီး မနက် ၁၀ နာရီ ၄၀ မိနစ်တွင် မီးသတ်သမားများက အောင်မြင်စွာကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ကလေးငယ်၏မိခင်အား အင်္ဂါနေ့ကသေဆုံးလျက်ရှာ‌ဖွေတွေ့ရှိခဲ့ပြီး အဖွားဖြစ်သူအား ၎င်း၏အနား၌ပင် သေဆုံးလျက်တွေ့ရှိရကြောင်းသိရှိရသည်။ကလေးငယ်သည်ရှာတွေ့တွေ့ချင်းပင် ဖခင်နှင့်ပြန်ဆုံခဲ့‌ကာ ဆေးရုံသို့ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် အိမ်ခြေ ၅၆,၀၀၀ ကျော်ပျက်စီးခဲ့ပြီး လူပေါင်း ၆၂,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟုလည်းဖော်ပြထားသည်။

Source : Kyodo News


LEAVE A REPLY

Please enter your comment!
Please enter your name here