အန်နဝါ အီဘရာဟင်မ် မလေးရှားဝန်ကြီးချုပ်ဖြစ်လာ

0
251

မလေးရှားနိုင်ငံ၏ ဒသမမြောက် ဝန်ကြီးချုပ်အဖြစ် အန်နဝါ အီဘရာဟင်မ်အား မလေးရှားနိုင်ငံဘုရင်က ခန့်အပ် တာဝန်ထမ်းဆောင်ခွင့်ပြုလိုက်သည်။

မလေးရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် ဘုရင်က အန်နဝါအား မလေးရှားနိုင်ငံ၏ ဒသမမြောက် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၉ အထွေထွေရွေးကောက်ပွဲရလာဒ်များထွက်ပေါ်ခဲ့ပြီးနောက် ဘုရင်က အထူးအစည်းအဝေးတစ်ရပ်ကို ယနေ့ နိုဝင်ဘာ ၂၄ ရက်တွင် ခေါ်ယူကာ ဆုံးဖြတ်ချက်ကို ဘုရင့်နန်းတော်မှ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here