ဆွစ်ဇာလန် အဖိုးတန် အနိုင် ၃ မှတ်ရရှိခဲ့ပြီး ဥရုဂွေးနဲ့ တောင်ကိုရီးယားတို့ အမှတ်ခွဲယူ

0
235

ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအစောပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရာမှာ ဆွစ်ဇာလန် အဖိုးတန် အနိုင် ၃ မှတ်ရရှိခဲ့ပြီး ဥရုဂွေးနဲ့ တောင်ကိုရီးယားတို့ အမှတ်ခွဲယူခဲ့ကြပါတယ်။

အုပ်စု (G) ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ ကင်မရွန်းအသင်းတို့ရဲ့ ပွဲစဉ်မှာ ဆွစ်ဇာလန်တို့ အဖိုးတန် အနိုင် ၃ မှတ်ရရှိခဲ့ပါတယ်။

ပွဲရဲ့ထူးခြားချက်အနေနဲ့ ဆွစ်ဇာလန်အသင်းအတွက် အဖိုးတန် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ကစားသမား အမ်ဘိုလိုဟာ ကင်မရွန်းက သူရဲ့မွေးရပ်နိုင်ငံဖြစ်နေတာကြောင့် လေးစားမှုပြတဲ့ အနေနဲ့ ဂိုးသွင်းပြီးချိန်မှာ အောင်ပွဲ မခံပါဘူး။

အုပ်စု (H) ပွဲစဉ်ဖြစ်တဲ့ ဥရု‌ဂွေးနဲ့ တောင်ကိုရီးယားတို့ဟာ အမှတ်ခွဲယူခဲ့ကြပါတယ်။

ဥရု‌ဂွေးနဲ့ တောင်ကိုရီးယားတို့ဟာ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ဖိအားပေး ကစားခဲ့ပြီး အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်တာကြောင့် ဂိုး မရှိ သရေ ရလဒ်နဲ့သာပြီးဆုံးသွားပါတယ်။

ကာတာမှာ ကျင်းပနေတဲ့ 2022 ကမ္ဘာ့ဖလားမှာဆိုရင် အာရှကိုယ်စားပြုအသင်းအများစု ရလဒ်ကောင်းနေတာကိုလည်း တွေ့နေရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here