ယူကရိန်းကကမ္ဘောဒီးယားအား ငြိမ်းချမ်းရေးလိုလားသည့်စံပြနိုင်ငံအဖြစ်မှတ်ယူ

0
213

ယူကရိန်းသည်ကမ္ဘောဒီးယားအား စစ်ပြေငြိမ်းခြင်းဖြင့် ငြိမ်းချမ်းရေးလိုလားသော ကမ္ဘာ့စံပြနိုင်ငံတစ်နိုင်ငံအဖြစ်မှတ် ယူခဲ့သည်။

 ယူကရိန်းလွှတ်တော် ဒုတိယ  ဥက္ကဌ ၁ မစ္စတာ ကော်နီယန်ကိုအိုလစ်ဆန်ဒါသည် ကမ္ဘောဒီးယားနိုင်ငံ၏ အမျိုးသားလွှတ်တော်ဥက္ကဌနှင့် ၄၃ ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံ ဥက္ကဌ မစ္စတာ ဟန်ဆမ်ရင်နှင့်တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့သည်။

မစ္စတာကော်နီယန်ကိုက ကမ္ဘောဒီးယားအနေဖြင့် ယူကရိန်း၌ငြိမ်းချမ်းရေးကိုအားပေးသည့်အတွက် ကျေးဇူးတင်ကြောင်းကိုလည်းပြောကြားခဲ့သည်။ယူကရိန်းနိုင်ငံသည် ၎င်း၏ပြည်သူများအတွက် လုံခြုံရေးနှင့်ငြိမ်းချမ်းရေးပြန်လည်ရရှိစေရန်အတွက် စစ်ပွဲကိုအဆုံးသတ်ဖို့ညှိနှိုင်းရန် အသင့်ရှိကြောင်းပြောကြားခဲ့သည်။

ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်ဥက္ကဌက ကမ္ဘောဒီးယားအနေဖြင့် ကုလသမဂ္ဂပဋိဉာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို အမြဲလိုက်နာကြောင်း အလေးပေးပြောကြားခဲ့သည်။ကမ္ဘောဒီးယားသည် သမိုင်းတွင်ဆယ်စုနှစ်များစွာ ခါးသီးသော စစ်ပွဲများကိုဖြတ်သန်းခဲ့ရသဖြင့် စစ်ပွဲကိုအလွန်မုန်းတီးကြောင်းလည်း ပြောကြားခဲ့သည်။

စစ်ပွဲကိုစစ်ပွဲ ဖြင့်မတားနိုင်ကြောင်း ပြောကြားခဲ့ပြီး ယူကရိန်း၌မြေမြှုပ်မိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် မပေါက်ကွဲသေးသောလက်ကျန်မိုင်းများရှင်းလင်းရေးအတွက်လည်း ကူညီရန်အသင့်ရှိနေကြောင်းပြောကြားခဲ့သည်။

Source : Khmer times


LEAVE A REPLY

Please enter your comment!
Please enter your name here