မကြာမီကာလတွင် အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ထပ်မံထူထောင်ပေးရန် ဆောင် ရွက်လျက်ရှိဟု နစက ဥက္ကဋ္ဌပြော

0
297

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နို ဝင်ဘာ ၂၄ ရက်(ယနေ့)မွန်းလွဲပိုင်းက ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးအမှတ်စဉ်(၂/ ၂၀၂၂)သို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအဆင့်ဌာန/အဖွဲ့အစည်းများမှ တင် ပြလာသည့် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးစွာစိစစ်ခဲ့ပြီး ဒု-ဝန်ကြီးချုပ်က ထပ်ဆင့်စိစစ်ထားပြီးဖြစ် သည်ဟု ပြောသည်။

ထို့ပြင် တိုင်းနှင့်ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုကိုလည်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့်ဒု-ဝန်ကြီးချုပ်တို့က စိစစ်ထားပြီး ဖြစ်သည်ဟု ပြောသည်။

“ပြည်ထောင်စုအဆင့် ဌာန/အဖွဲ့အစည်းတွေ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေအနေနဲ့ နိုင်ငံတော်ကထပ်မံခွင့်ပြုတဲ့ ဖြည့်စွက်ခွင့်ပြုငွေတွေကို ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့တစ်ထပ်တည်းဖြစ်စေမယ့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမယ့် လုပ်ငန်းတွေမှာ ထိရောက်အောင်အ သုံးပြုကြဖို့လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေအား ကျပ်ဘီလီယံ ၄၀၀ နှင့်မတည်ထူထောင်ပေးထားပြီးဖြစ်ကာ မကြာမီကာလတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ် ငန်းများဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကိုလည်း ထပ် မံထူထောင်ပေးရန် ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“အခုလို ဖြည့်စွက်ခွင့်ပြုငွေတွေ ထပ်မံခွင့်ပြုပေးတာတွေ ကိုဗစ်(၁၉)အထူးချေးငွေရန်ပုံငွေ၊နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေတွေကို ထူထောင်ပေးရတာဟာ ကိုဗစ်(၁၉)ရောဂါကြောင့် ကျဆင်းခဲ့ရတဲ့ နိုင် ငံတော်ရဲ့စီးပွားရေးကို ပြန်လည်မြှင့်တင်ပေးနိုင်ဖို့ နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌ ကပြောသည်။

ပုံစာ – နစက ဥက္ကဌ ထားဝယ်ခရိုင်အတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်  တွေ့ဆုံစဥ်


LEAVE A REPLY

Please enter your comment!
Please enter your name here