အခြေခံလူသုံးကုန်ပစ္စည်းများအား ပြည်ပမှတင်သွင်းနေရသူ Importer အဖြစ်မှပြည်ပသို့ပြန် လည်တင်ပို့နိုင်သူ Exporter အဖြစ်ရောက်ရှိသည်အထိကြိုးပမ်းဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

0
480

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးအ မှတ်စဥ်(၂/၂၀၂၂)အား နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းကကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော် မရှင် ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ အမှာစ ကားပြောကြားရာ၌ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ် သည်။

“တိုင်းပြည်ဝင်ငွေရရှိဖို့ ကုန်ထုတ်လုပ်မှုတွေကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ကြောင့် တိုင်းပြည်၏ ရှိရင်းစွဲမြေပေါ်မြေ အောက် သဘာဝသယံဇာတအရင်းအမြစ်များကို ဥပဒေနှင့်အညီ စည်းကမ်းစနစ်တကျဖြင့် အကျိုးရှိရှိအသုံးချနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဟု မှာကြားသည်။

သယံဇာတများအား ထုတ်ယူသုံးစွဲပြီးပါက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း စနစ်တကျပြန်လည်ဆောင်ရွက်မှသာ စဉ်ဆက်မပြတ်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်မည်ဟု ပြောသည်။

ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်၍ ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းများအား ပြည်ပမှတင်သွင်းနေရသူ Importer အဖြစ်မှ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသို့ပြန်လည်တင်ပို့နိုင်သူ Exporter အဖြစ်သို့ ရောက်ရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ရမည်ဟု မှာကြားသည်။

“မိမိတို့အနေနဲ့ မည်သည့်စိန်ခေါ်မှုပင်ရှိပါစေ ပြည် တွင်းအားသည် ပြည်တွင်း၌သာရှိသည်ဆိုတဲ့ ခံယူချက်နဲ့ မိမိတို့၏ အမျိုးသားရေးမူဝါဒနှစ်ရပ် ဖြစ်တဲ့ တိုင်းပြည်သာယာဝပြောရေး၊စားရေရိ က္ခာဖူလုံရေးတွေကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ယခုဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၂-၂၀၂၃ ဘ ဏ္ဍာရေးနှစ်နှင့်လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တို့အတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝများ အလျင်အမြန် ပြန်လည်တိုးတက်လာစေရန် စိုက် ပျိုးမွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို အားပေးမြှင့်တင်သွားရမည်ဟု ပြောသည်။

“အသေးစား၊အငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အားပေးသွားမှာပါ ပြည်ပကကုန်ပစ္စည်းတွေ မှာယူတင်သွင်းနေရတာတွေကိုလည်း အတတ်နိုင်ဆုံးလျှော့ချပြီး ပြည်တွင်းထုတ်ကုန်တွေနဲ့ အစားထိုးသုံးစွဲနိုင်‌ အောင်ရည်မှန်းဆောင်ရွက်သွားကြဖို့လည်း လိုပါတယ် “ဟု နစက ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here