သံဃာတော် ၄၃၇ ပါးဝင်ရောက်ဖြေဆိုတော်မူမည့် (၇၅) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်‌ရေးစာမေးပွဲအား တစ်လကျော်ကြာကျင်းပမည်

0
569

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊သာသ နာရေးဦးစီးဌာနမှကြီးမှူး၍ (၇၅)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေး ပွဲအား ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်အထိ ၃၃ ရက်တိုင်ကျင်းပသွားမည်ဖြစ် သည်။

အဆိုပါ (၇၅)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲအား ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်ကာ ဖွင့်ပွဲမင်္ဂလာအခမ်းအနားအား ဒီဇင် ဘာ ၂၆ ရက်နံနက် ၈ နာရီခွဲတွင်ပြုလုပ်သွားမည်ဖြစ်သည်။

ဖွင့်ပွဲမင်္ဂလာအခမ်းအနားနှင့်စာပြန်ပွဲသို့ နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၂ ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီး ၁၁ ပါး၊ ပုစ္ဆကဆရာတော် ၄ ပါး၊ ကြီးကြပ်ရေးဆရာတော် ၄ ပါး၊ စာထောက်စာမဆရာတော် ၂၁၄ ပါးနှင့်ဝင်ရောက်ဖြေဆိုတော်မူမည့် သံဃာတော်များကြွရောက်တော်မူကြမည်ဖြစ်သည်။

စာမေးပွဲဝင်ရောက်ဖြေဆိုရန် အာဂုံပြန် သံဃာ ၂၅၀ ပါး၊ သဘောရေးဖြေစာရင်းသွင်းသံဃာ ၁၈၇ ပါး(စုစုပေါင်း ၄၃၇ ပါး)စာရင်းပေးသွင်းထားကြောင်း သိရသည်။

ပုံစာ – (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ)စာမေးပွဲစတင်ဖြေဆိုစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here