ဆာဘီးယားနှင့် ပွဲစဉ်အတွင်း ဘရာဇီး ကြယ်ပွင့်ကစားသမား နေမာ ဒဏ်ရာရရှိခဲ့

0
285

ဘရာဇီး ကစားသမား နေမာသည် ကြာသပတေးနေ့က ယှဉ်ပြိုင်ခဲ့သော ဆားဘီးယားနှင့် ပွဲစဉ်တွင် ညာဘက်ခြေကျင်းဝတ်၌ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပွဲစဉ်အတွင်း ဆားဘီးယား ကစားသမားများ၏ ကြမ်းကြမ်းတမ်းတမ်း ကစားဟန်ကို အကြိမ်အနည်းငယ် ခံခဲ့ရသည့် ဘရာဇီးကစားသမားသည် ကွင်းမှ မထွက်ခွာခင် ထော့နဲ့ထော့နဲ့ လမ်းလျှောက်နေခဲ့ရသည်။

ဒုတိယပိုင်းတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ၇၉ မိနစ် တွင် လူစားလဲခံခဲ့ရသည်။ နေမာသည် လူစားလဲပြီးနောက်ပိုင်း ဆရာဝန်များက နားနေခုံပေါ်တွင် ကုသပေးစဉ် ငိုကြွေးနေခဲ့သည်ကို တွေ့ရသည်။

ပွဲပြီးဆုံးပြီးနောက် ပြသခဲ့သော ပုံများအရ နေမာ၏ ညာဘက်ခြေကျင်းဝတ်မှာ ဖူးရောင်နေသည်ကို မြင်တွေ့ရသည်။

အသင်းဆရာဝန် ရိုဒရီဂို လက်စမာက နေမာ၏ အခြေအနေကို သုံးသပ်ရန် စောလွန်းသေးကြောင်းနှင့် ပြန်လည်ကစားနိုင်ခြင်း ရှိ မရှိကို ဆုံးဖြတ်ရန်အတွက် ၂၄ နာရီမှ ၄၈ နာရီ အထိ စောင့်ကြည့်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

နေမာသည် ဘရာဇီးနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ကိုလံဘီယာအသင်းနှင့် ယှဉ်ပြိုင်ကစားစဉ် နောက်ကျောဒဏ်ရာ ရရှိခဲ့ပြီးနောက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသူ ဖြစ်သည်။

Source:Le Monde.fr


LEAVE A REPLY

Please enter your comment!
Please enter your name here