တရုတ်ထုတ် ကင်မရာများကို အစိုးရ အဆောက်အအုံများတွင် တပ်ဆင်ခွင့် မပြုတော့–ဗြိတိန်

0
250

လန်ဒန်၊ နိုဝင်ဘာ ၂၅

ဗြိတိန်အစိုးရသည် လုံခြုံရေး အန္တရာယ်များကြောင့် တရုတ်ကုမ္ပဏီများနှင့် ချိတ်ဆက်ထားသော စောင့်ကြည့်ရေး ကင်မရာများကို အစိုးရ အဆောက်အအုံများတွင် တပ်ဆင်ခွင့် မပြုတော့ကြောင်း နိုဝင်ဘာလ ၂၄ ရက် ကြာသပတေးနေ့က ပြောကြားခဲ့သည်။

အဆိုပါ စောင့်ကြည့်ရေး ကင်မရာများကို အစိုးရ ဌာနများတွင် တပ်ဆင်ခြင်းနှင့် ပတ်သက်၍ လက်ရှိနှင့် အနာဂတ်တွင် ဖြစ်လာနိုင်သော လုံခြုံရေးအန္တရာယ်များအပေါ် ပြန်လည်ဆန်းစစ်ခဲ့ရာ ထိန်းချုပ်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ယူဆသောကြောင့် ထိုကဲသို့ ဆုံးဖြတ်ချက်ချခဲ့ကြောင်း အစိုးရအဖွဲ့ရုံးဝန်ကြီး အိုလီဗာ ဒေါင်ဒန် က လွှတ်တော်သို့ စာရေးသားထုတ်ပြန်ခဲ့သည်။

အစိုးရ၏ ညွှန်ကြားချက်တွင် တရုတ်လုံခြုံရေးဥပဒများကို လိုက်နာရသော ကုမ္ပဏီများက ထုတ်လုပ်သည့် ကင်မရာများကို တပ်ဆင်ခြင်း မပြုရန်နှင့် တပ်ဆင်ထားပြီးသား ကင်မရာများကိုလည်း ပင်မကွန်ပြူတာ ကွန်ရက်များနှင့် ချိတ်ဆက်‌မှု ဖြတ်တောက်ရန် လမ်းညွှန်ထားသည်။

ဗြိတိန်ရှိ အများပြည်သူအကျိုးပြု အဖွဲ့အစည်းအများစုသည် တရုတ်အစိုးရပိုင် ကုမ္ပဏီများဖြစ်သည့် ဟိုက်ဗွီရှင်း သို့မဟုတ် ဒဟွာ ကပြုလုပ်သော စောင့်ကြည့်ရေး ကင်မရာများကို အသုံးပြုထားကြောင်း ကိုယ်ရေးကိုယ်တာ လုံခြုံရေးဆိုင်ရာ ထောက်ခံအားပေးရေးအဖွဲ့ ဘစ်ဘရားသားဝတ်ချ် က ဇူလိုင်လတွင် ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here